ကမ်းလွန်လေအား လျှပ်စစ်စက်ရုံတွေ အစာငတ်ဖျံတွေအတွက် အစာဖမ်းသံလိုက်တွေဖြစ်လာ
ကမ်းလွန်လေအား လျှပ်စစ်စက်ရုံတွေဟာ ဖျံတွေကျက်စားရာနေရာအဖြစ်သို့ ရောက်ရှိလို့လာပါတယ်။ ဂျာမနီ ဆိပ်ကမ်းတွေကနေ (၅၆) ကီလိုမီတာ အလှမ်းဝေးတဲ့ Alphs Ventus လေအားလျှပ်စစ်စက်ရုံ နဲ့ UK နိုင်ငံရဲ့ ဆိပ်ကမ်းတွေကနေ (၂၃) ကီလိုမီတာ ကွာဝေးတဲ့ Sheringham Shoal (ပုံထဲက)တွေဟာ ငါးတွေအတွက် မှီတင်းနေထိုင်ရာဖြစ်လာခဲ့ပြီး ခရု ကဲ့သို့သော အခွံမာသတ္တ၀ါတွေဟာ အဲ့ဒီလေအားလျှပ် စစ်စက်ရုံ တည်ဆောက်ရာနေရာတွေမှာ အစုလိုက်အပြုံလိုက် ခဲအုံလျက်နေထိုင်ကြပါတယ်။
ဒီသတ္တ၀ါတွေဟာ ကမ်းစပ်နေ မီးခိုးရောင်ဖျံတွေကို ဆွဲဆောင်ပါတယ်လို့ ဒီတစ်ပတ်ထုတ် Current Biology ရဲ့ သုတေသနအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လေအားနဲ့ လျှပ်စစ်ဓာတ်အားထုတ် စက်ရုံတွေ တည်နေ ရာတစ်ခု အဖြစ် လူသိများတဲ့ North Sea’s British နဲ့ Dutch ကမ်းခြေ ဒီနှစ်နေရာကို ဖျံတွေ နဲ့ ၎င်းသတ္တမျိုး စိတ်ရှားပါးတဲ့ နေရာဒေသအဖြစ် သိပ္ပံပညာရှင်တွေ ယုံခဲ့ကြတာဖြစ်ပါတယ်။
သူတို့ ဓာတ်အားစက်ရုံတွေဆီ လာရောက်တဲ့ တာဘိုင်းတစ်ခုကနေ နောက်တစ်ခုကို လေးထောင့်ကွက် ပုံစံအတိုင်း ကူးခပ်သွားလာနေတဲ့ ဖျံတွေကို မှတ်တမ်းတင်ရိုက်ကူးထားခဲ့ပါတယ်။ ဒီလိုပူးပေါင်းကျက်စား တတ်တဲ့ ပုံစံက တာဘိုင်းတစ်လုံးချင်းဆီမှာ သူတို့ရဲ့ ပစ်မှတ်ထားတဲ့ သားကောင်တွေ အများကြီးရှိနေတယ် ဆိုတာ တွေ့ရပါတယ်။
ဒါပေမဲ့ ဒီစက်ရုံတွေက ပစ်မှတ်ထားခံရတဲ့ သားကောင်အရေအတွက်ကို တိုးပွားစေတာလား (သို့) တစ်နေ ရာတည်း စုနေထိုင်ချင်တဲ့ အလေ့အထကြောင့်လားဆိုတာ သေချာမသိရသေးပါဘူး။ နောက်ပိုင်း ဒီကျက် စားနယ်မြေကို ပစ်မှတ်ထားတဲ့ ဖျံအရေအတွက် များလာမယ်ဆိုရင်တော့ ပစ်မှတ်ထားခံရတဲ့ သားကောင်တွေ ဒုက္ခရောက်သွားနိုင်ပါတယ်။
Victor. Paa Tung | Trend Myanmar

မှတ်ချက်များ