မလေးရှားတွင် တရားမ၀င်လုပ်သားများ အောက်လမ်းမှ ပြန်ပို့ပေးရာ၌ နာမည်ကြီးသော ကိုတိုနီအသတ်ခံရ
မလေးရှားနိုင်ငံရှိ တရားမဝင်နေထိုင်သော မြန်မာနိုင်ငံသားများကို အောက်လမ်းမှပြန်ပို့ပေးသော လုပ်ငန်း လုပ်ကိုင်နေသောကိုတိုနီသည် ဇူလိုင်၇ရက်က ပီနန်မြို့နယ်၊ဘတ်တာဝပ်မြို့တွင် အသတ်ခံရကြောင်း သတင်းရရှိသည်။
အသက် ၄၀ ကျော်အရွယ်ကိုတိုနီသည် မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင်နေထိုင်ပြီး တရားမဝင် လာရောက်လုပ်ကိုင်သည့် မြန်မာနိုင်ငံသားများကို အောက်လမ်းမှပြန်ပို့ပေးသောလုပ်ငန်းလုပ်ကိုင်ရာတွင် နာမည်ကြီးသူတစ်ဦးဖြစ်ပြီး ဇူလိုင်၇ရက်ညက မလေးရှားရင်းဂစ်ငွေ ၈၅၀၀၀ ရရန်ရှိသူထံမှအကြွေးတောင်း ပြီး အပြန်တွင် အသတ်ခံရခြင်းဖြစ်ကာငွေအားလုံးကိုလည်း ယူဆောင်သွားကြသည်။
ကိုတိုနီကို ဇူလိုင် ၉ ရက်တွင် သဂြိုလ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
7day

မှတ်ချက်များ