နယ်မြို့များ အင်တာနက်သုံးစွဲခွင့် အခမဲ့အခပေး စနစ်နှစ်မျိုး လုပ်ဆောင်မည်


နယ်မြို့များ၌ အင်တာနက် သုံးစွဲခွင့် ဝိုင်ဖိုင်ဇုန်များ လုပ်ဆောင်ရာတွင် အခပေး၊ အခမဲ့ စနစ်နှစ်မျိုးစလုံး လုပ်ဆောင်မည်ဟု Red Link ကုမ္ပဏီမှ သိရ သည်။”ဈေး ကွက် စီးပွားရေး စနစ်အရအခပေးစနစ် ဆိုတာရှိ မှာပါ။ အဓိကတော့ အင်တာနက်သုံးစွဲမှုမြင့်တက်လာပြီး တစ်နေရာနဲ့တစ်နေရာ ထူးခြားဖြစ်စဉ်တွေကို မှန်မှန် ကန်ကန် သိရှိနိုင် ဖို့အတွက် ရည်ရွယ်ပြီး လုပ်ဆောင်ပေးမှာပါ” ဟု Red Link ကုမ္ပဏီဈေးကွက် မန်နေဂျာ ကိုမျိုးမြင့်ညွန့်က ပြောသည်။

ဝိုင်ဖိုင် အခမဲ့သုံးစွဲခွင့် အနေဖြင့် အများပြည်သူအသုံးပြုနိုင်သည့် နေရာများတွင် ပေးအပ်သွား မည် ဖြစ်ကြောင်း၊ အချိန်အကန့်အသတ်ဖြင့် ပေးမည်ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောသည်။ ”လက်ရှိ အခမဲ့ သုံးစွဲခွင့်ပေးထားတဲ့ ဝိုင်ဖိုင်ဇုန်တွေလိုမျိုး ၁၅ မိနစ် တစ်ခါ password ပြန်ဝင်ပြီးသုံးရတဲ့ စနစ်မျိုးဖြစ် မှာပါ” ဟု ၎င်းက ပြောသည်။

ကုမ္ပဏီနှင့်ကိုက်ညီသည့်အချက် နှင့်မြန်မာ့ဆက်သွယ်ရေးမှ ချထားပေးသည့် မြို့များ၌ ဝိုင်ဖိုင်ဇုန် လုပ်ဆောင်မည်ဖြစ်ပြီး လက်ရှိတွင်မည်သည့်မြို့ကို လုပ်ဆောင်မည်ကို မသိရှိသေးကြောင်း တင်ဒါအဖြေအပေါ်သာ မူတည်နေကြောင်း ၎င်းကဆက်ပြောသည်။

လက်ရှိတွင် Red Link ကုမ္ပဏီသည် မြန်မာ့ဆက်သွယ်ရေးမှ ကျေးလက်ဒေသများ အင်တာနက်သုံး စွဲခွင့် ပေးရန်အတွက် ဆက်သွယ်ရေးနှင့်အတူ အကျိုးတူပူးပေါင်း ရန်တင်ဒါကို အဆို ပြုလွှာတင်သွင်း ထားသည်။ လတ်တလောအနေဖြင့်လည်းလာမည့် လဆန်းပိုင်းတွင် ဆေးတက္ကသိုလ်(၁)၌ အင်တာနက်သုံးစွဲခွင့်အတွက် အခမဲ့ဝိုင်ဖိုင် စနစ်ကို ပြုလုပ်ပေးမည်ဟု ယင်းကုမ္ပဏီမှ သိရသည်။

လက်ရှိ ယင်းကုမ္ပဏီမှ ဝိုင်ဖိုင်စနစ်ဖြင့် အခမဲ့အင်တာနက် သုံးစွဲခွင့်ပေးထားသည့် နေရာများမှာ ပုဂံဘုရားများ၊ ရွှေတိဂုံစေတီတော်၊ မဟာမုနိရုပ် ရှင်တော်မြတ်ကြီး၊ ကန်ေ တ်ာကြီးအပန်းဖြေဥယျာဉ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (Y.U.F.L) နှင့် ရန်ကုန်အ ပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ဖြစ်ကြောင်း သိရသည်။

popular news

မှတ်ချက်များ