အိမ်မှာလည်း အရက်လာသောက်သေး၊ အိမ်ရှင်ရဲ့ မိန်းမ ဖြစ်သူကို လည်း မုဒိန်းကျင့်သွားတဲ့ ယုတ်မာတဲ့ ဧည့်သည်


ခင်ပွန်းဖြစ်သူနှင့် အရက်အတူ လာသောက်သည့်ဧည့်သည်က ဇနီးမယားကို အဓမ္မကျင့်မှုတစ်ခု ပြည်မြို့၊ မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းထားသည်ဟု မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ၄ရက်၊ ညနေ ၅ နာရီအချိန်က ဂျာကြီး(ခ)တင်ဇော်အောင် ဆိုသူသည် ပြည်မြို့၊ ရွာဘဲရပ် ကွက်၊ စက်မှုဇုန်ရပ်ကွက်ရှိ ရင်းနှီးခင်မင်သည့်သူတစ်ဦးနေအိမ်သို့ သွားရောက်ကာ အရက် အတူသောက်ခဲ့ သည်။

ထိုသို့ အရက်အတူသောက်နေစဉ် အိမ်ပိုင်ရှင်နှင့် အိမ်ပိုင်ရှင်ဇနီးမှာ အရက်သောက်သည့် စားပွဲဘေးကု တင်ပေါ်တွင် အိပ်ပျော်သွားခဲ့သည်ဟု ဆိုသည်။

ည(၁၁)နာရီတွင် ဂျာကြီး(ခ)တင်ဇော်အောင်မှာ နေအိမ်ပိုင်ရှင်၏ ဇနီးဖြစ်သူအား ကုတင်ပေါ်မှ ဆွဲချကာ ပါးစပ်ကို ပိတ်၍ အိပ်ခန်းအတွင်း ဆွဲခေါ်ပြီး ၁၅ မိနစ်ခန့် အဓမ္မပြုကျင့်ခဲ့ကြောင်း တိုင်တန်းထားသည်။

ဇနီးဖြစ်သူသည် အဓမ္မပြုကျင့်ခံရသည့် ဖြစ်စဉ်ကို ဇူလိုင်လ ၅ ရက်တွင် ခင်ပွန်းဖြစ်သူကို ပြောပြခဲ့ပြီး အလိုမ တူဘဲ အဓမ္မသားမယားပြုကျင့်သူကို အရေးယူပေးရန် မြို့မရဲစခန်းတွင် တိုင်တန်းခဲ့သည်။

ထိုသို့တိုင်တန်းသည့်အတွက် မြို့မရဲ စခန်းတွင် ဂျာကြီး(ခ)တင်ဇော်အောင်အား (ပ)၅၂၇/၂၀၁၄ ပြစ်မှုပုဒ် မ-၃၇၆ အရ အမှုဖွင့်ဆောင်ရွက်ခဲ့ရာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

Mizzima

မှတ်ချက်များ