ကားတင်သွင်းမှုနဲ့ သက်ဆိုင်တဲ့ အများပိုင် ကုမ္ပဏီ တခု တည်ထောင်သွားမှာဖြစ်ပြီး ကားထားဖို့နေရာ အခက်အခဲရှိနေတဲ့ ပြဿ နာဖြေရှင်းတာ အပြင် အခြား လုပ်ငန်းတွေကိုလည်း လုပ်ကိုင်သွားဖို့ ရှိတယ်လို့ မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေး နဲ့ ဖြန့်ဖြူးရောင်းချသူများ အသင်းဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။
ဒီအများပိုင် ကုမ္ပဏီဟာ ကနဦးအနေနဲ့ ဆိပ်ကမ်းနဲ့ နီးတဲ့ နေရာတခုခုမှာ ပြည်ပက တင်သွင်းလာတဲ့ ကားတွေကို ယာယီထားနိုင်မယ့် Bonded Wearhouse တခု တည်ထောင်သွားမယ်လို့ ရှင်းပြပါတယ်။
လက်ရှိ ပြည်ပ ကားတင်သွင်းနေသူတွေအနေနဲ့ ရန်ကုန်ဆိပ်ကမ်းရောက်ပြီး ကားတွေကို အကောက် ခွန်က နှစ်လ ထက်ကျော်ပြီး လက်မခံခြင်း၊ လက်ရှိ လှိုင်သာယာ ကားအရောင်းအ၀ယ် ကွင်းကလည်း သြဂုတ်လ ၁ ရက်နေ့ကစ ကားညအိပ်ထားတာ လက်မခံခြင်း စတဲ့ ပြဿ နာတွေကြုံနေရတယ်လို့ ကားရောင်းဝယ်သူတွေက ပြောပြကြပါတယ်။
DVB

မှတ်ချက်များ