![]() |
| ကိုကိုးကျွန်းကနေ သြစတြေးလျ ပြည်မကို လွဲပြောင်းလာတဲ့ ခိုလုံခွင့်တောင်းခံသူတွေနဲ့ အာဏာပိုင်တွေ (Credit: AAP) |
သြစတြေးလျ အာဏာပိုင်တွေက အဆိုပါ ခိုလှုံခွင့် တောင်းခံသူ ၁၅၇ ယောက်ကို လမ်းခုလပ်မှာပဲ ရက်သတ္တပတ် အတော်ကြာ ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။
သူတို့တွေကို ပြန်ပို့မယ် မပို့ဘူး ဆိုတဲ့ ကိစ္စကို သြစတြေးလျ တရားရုံးချုပ်နဲ့ သက်ဆိုင်ရာ အာဏာပိုင် တွေက အကြိမ်ပေါင်း များစွာ ဆွေးနွေးခဲ့ ကြတာဖြစ်ပါတယ်။ လက်ရှိ သြစတြေးလျ အစိုးရရဲ့ မူဝါဒ အရ ခိုလှုံခွင့် တောင်းခံ သူတွေကို လာရာလမ်း အတိုင်း ပြန်ပို့ဆောင် ရမှာဖြစ်ပါတယ်။
သီရိလင်္ကာ နိုင်ငံက တာမေးလ် လူမျိုးတွေဟာ သြစတြေးလျ နိုင်ငံမှာ ခိုလှုံခွင့် ရရှိဖို့အတွက် အိန္ဒိယ နိုင်ငံကနေ တဆင့် လာခဲ့တာကြောင့် သူတို့တွေကို လာရာလမ်း အတိုင်း ပြန်ပို့ဖို့ သြစတြေးလျ အစိုးရက ကြိုးစားခဲ့တာဖြစ်ပါတယ်။
ဒါကြောင့်မို့ အဆိုပါ ခိုလှုံခွင့် တောင်း ခံသူတွေကို အိန္ဒိယ တာဝန်ရှိသူတွေ စစ်ဆေးနိုင်ဖို့အတွက် သြစတြေးလျ ပြည်မထဲကို လွှဲပြောင်း ထားရှိတာဖြစ်တယ်လို့ သြစတြေးလျ နိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီး Soctt Morrison ကပြောပါတယ်။
အိန္ဒိယ နိုင်ငံကတော့ အဲဒီခိုလှုံခွင့်တောင်းခံသူတွေထဲမှာ သူတို့ရဲ့ နိုင်ငံသားတွေလို့ စစ်ဆေးတွေ့ရှိ မယ်ဆိုရင် အိန္ဒိယနိုင်ငံကို ပြန်ပို့ဆောင်မှာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ်။
ABC Radio Australia

မှတ်ချက်များ