လျှပ်စစ်ဝါယာရိန်းတပ်ဆင်ရာမှ အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံး

၂၈.၇.၂၀၁၄ ရက်နေ့ ၁၉၃၀ အချိန်တွင် အင်းစိန်မြို့ မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အင်းစိန်ဆေးရုံ၌ အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံး ရောက် ရှိ နေကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ ရာသေ ဆုံးသူမှာ ကိုသက်(ခ)မောင်စိန်လှထွန်း၊ (၂၁)နှစ်ဖြစ်ပြီး ၎င်းတွင် ၀ဲလက်မနှင့်လက်ညှိုးတို့၌ ပွန်းပဲ့ဒဏ်ရာ များရရှိထားသည် ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ၁၇၁၅ အချိန်ခန့်က အင်းစိန်မြို့နယ်၊ တညင်းကုန်း ရပ်ကွက်၊ စက်မှုဇုန် (၄)၊ ပန်းဘဲခေါင်းမောင်ခတ်လမ်းရှိ အဆောက်အဦ အတွင်း လျှပ်စစ်ဝါယာရိန်းတပ်ဆင်နေရာ မှ ဓါတ်လိုက်ခဲ့ သဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်စဉ် ၁၈၄၀ အချိန်တွင် ဆေးရုံ၌သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရပါ သည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ အင်းစိန်မြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၅၀/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Yangon Police

မှတ်ချက်များ