ရေခဲမုန့် မ၀ယ်ပေးသဖြင့် အမျိုးသမီးတစ်ဦးက ကားကို မီးရှို့
ရေခဲမုန့် ၀ယ်ကျွေးရန် မိမိ၏ တောင်းဆိုချက်အား မလိုက်လျောခဲ့သဖြင့် ဖလော်ရီဒါ အမျိုးသမီးတစ်ဦးက ၎င်းနှင့်အတူ ပါလာသော အမျိုးသား ပိုင်ဆိုင်သည့် ကားကို ရေနံဆီလောင်း၍မီးရှို့ပစ်လိုက်ကြောင်း ယူပီအိုင်သတင်းဌာနက ဇူလိုင်လ ၁၅ ရက်နေ့တွင် ဖော်ပြခဲ့သည်။
အဆိုပါ စုံတွဲသည် ကားထဲတွင် စကားများနေခဲ့ကြောင်း၊ ယင်းအမျိုးသမီးမှာ ၎င်း၏ ချစ်သူဟုယူဆရသည့် အမျိုးသားကို တွေ့ကရာဝယ်ပေးရန် တောက်လျှောက် ပူဆာနေခဲ့ကြောင်းနှင့်မက်ဒေါ်နယ် စားသောက် ဆိုင်မှ မက်ဖလာရီ ရေခဲမုန့် ၀ယ်ကျွေးရန် တောင်းဆိုခဲ့သောအခါအဆိုပါအမျိုးသားက ငြင်းဆန် သဖြင့် အမျိုးသမီးမှာ ဒေါသကြီးစွာဖြစ်ခဲ့သည်ဟု မျက်မြင်သက်သေတစ်ဦးဖြစ်သူ ဆာဘရန်နာမာရီက WFTV ရုပ်သံသို့ ပြောကြားခဲ့သည်။
ထို့နောက် အမျိုးသမီးသည် အရက်ပုလင်းနှင့် ရေနံဆီပုလင်းတို့ကို အဆိုပါ ကားပေါ်သို့ လောင်းချ
ပြီးနောက် ကားကို မီးညှိကာ စတင်ရှို့ခဲ့ကြောင်း မာရီက ပြောကြားသည်။
“သူတို့ အဲဒီမှာ စကားများနေခဲ့တာကို ကျွန်မ လှမ်းတွေ့လိုက်တယ်။ အဲဒီအမျိုးသမီးကသူနဲ့ပါလာတဲ့ အမျိုးသားကို ဟိုဟာဝယ်ပေး၊ ဒီဟာဝယ်ပေးလို့ တစ်ချိန်လုံး ပူဆာနေခဲ့တာလေ။နောက်တော့ မက်ဒေါ် နယ်က မက်ဖလာရီ ရေခဲမုန့် ၀ယ်ပေးလို့ ထပ်ပူဆာတယ်။ အဲဒီမှာအမျိုးသားက မ၀ယ်ပေးနိုင် ဘူးလို့ လှမ်းအော်ပြီး ထွက်သွားတယ်” ဟု မာရီက ပြောကြားခဲ့သည်။
“နောက်တော့ အဲဒီအမျိုးသမီးက အရမ်းဒေါသထွက်တဲ့ အသံကြီးနဲ့ မင်းရဲ့ ကားကို ငါမီးရှို့လိုက်မှာနော်လို့ အသံပြဲကြီးနဲ့ အော်ဟစ်တယ်။ ကျွန်မတို့လည်း ပါးစပ်အဟောင်းသားနဲ့ရပ်ကြည့်နေကြတာပေါ့။ ပြီးတော့ ဘာပြောကောင်းမလဲ။ အဲဒီအမျိုးသမီးက ကားနောက်ဖုံးကနေတစ်ခုခုကို ထုတ်လာတယ်။ ကျွန်မအ ထင်တော့ ပုလင်းဖြစ်မယ်ထင်တယ်။ ပြီးတော့ ဘယ်မှာဘာရှိတယ်ဆိုတာ အကျအနသိနေပုံပဲ။ အသင့်ပါ လာတဲ့ ဓာတ်ဆီကို ကားပေါ်လောင်းချလိုက်ပြီးမီးခြစ်ဆံတစ်ဆံနဲ့ မီးညှိပြီး ပစ်ချလိုက်တာ။ မီး ထလောင်တော့တာပဲ” ဟု မာရီက၎င်းတွေ့မြင်ခဲ့ရသော ဖြစ်စဉ်စဆုံးကို ပြန်ပြောင်းပြောပြခဲ့သည်။
အဆိုပါ ကားအမျိုးအစားမှာ ၁၉၉၄ ခုနှစ်ထုတ် အယ်လ်ဒိုရာဒို ကားအမျိုးအစားဖြစ်ပြီး မီးရှို့ မှုဖြစ်ပွားခဲ့ သည့်တိုင် ၎င်းစုံတွဲမှာ မည်သူမည်ဝါဖြစ်သည်ကို ယခုတိုင်ဖော်ထုတ်နိုင်ခြင်း မရှိသေးချေ။
mmtimes

မှတ်ချက်များ