လယ်ယာသုံးစက်ပစ္စည်း လယ်သမားများကို အရစ်ကျ ပြန်ရောင်းပေးရန် တင်ပြ

အမေရိကန်ဒေါ်လာ သန်း ၁၀၀ တန်ဖိုးရှိတဲ့ လယ်ယာ သုံး စက်ပစ္စည်း ကိရိယာတွေကိုအကြွေးစနစ် နဲ့ တောင် ကိုရီးယားနိုင်ငံက ၀ယ်ယူပြီး လယ်သမားတွေကို အရစ် ကျစနစ်နဲ့ ပြန်ရောင်းပေးမယ့် အစီ အစဉ်ခွင့်ပြုပါလို့ သမ၀ါယမ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော် ဆန်းက ပြည်ထောင်စုလွှတ်တော်ဆီ တင်ပြပါတယ်။

ဇူလိုင် ၃၀ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်း အဝေးမှာ သူက ခုလို တင်ပြခဲ့တာ ဖြစ်ပြီး လွှတ်တော်ရဲ့ သဘောထားကိုတော့ မသိရသေးပါဘူး။

ကိုရီးယားနိုင်ငံက ပစ္စည်းပေး ချေးငွေစနစ်ဟာ ဆိုင်းငံ့ကာလ ၁ နှစ် အပါအ၀င် စုစုပေါင်း ၆ နှစ်သက်တမ်း အတွက် အတိုး ၂ ရာခိုင်နှုန်း ဖြစ်ပါတယ်။

ချေးငွေကို ဆိုင်းငံ့ ၁ နှစ်လွန်တာနဲ့ ၁၅ ရာခိုင်နှုန်း ပြန်ဆပ်ရမှာ ဖြစ်ပြီး ကျန်ငွေပမာဏကို ၆ လ ၁ ကြိမ် ၁ ရစ် ၈ ဒသာမ ၅ ရာခိုင်နှုန်း ပြန်ပေးရမယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းဟာ တရုတ်နိုင်ငံက ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကို အတိုး ကြီးကြီးနဲ့ ရယူပြီး သမ၀ါယမအသင်းတွေကနေ တဆင့် ငွေပြန်ချေးနေတဲ့ စီမံကိန်းအတွက် ပြည်ထောင်စု လွှတ်တော်အမတ်တချို့ ဝေဖန်ခံနေရသူ ဖြစ်ပါတယ်။

DVB

မှတ်ချက်များ