ဂါဇာမှာ လွန်ခဲ့တဲ့ သုံးပတ်က အစ္စရေးတို့ တိုက်ခိုက် မှုတွေ စတင်ခဲ့ပြီး နောက်ပိုင်း အပြင်းထန်ဆုံး အဖြစ် ပြီးခဲ့တဲ့ ညက တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ ပြီး တဲ့နောက် အစ္စရေး ဘက်က ဟားမားစ် တို့ကို ပိုမို ပြင်း ထန်တဲ့ ထိုးစစ်တွေ ဆက်လက် ပြုလုပ်နေပါတယ်။
ဂါဇာက လမ်းမတွေ ပေါ်မှာ လူသွား လူလာ မရှိဘဲ လောင်စာဆီ တိုင်ကီကို ဗုံးထိမှန်လို့ ပိတ်ထားခဲ့ရတဲ့ ဓာတ်အားပေး စက်ရုံကနေ မီးခိုးမဲကြီးတွေ ကောင်းကင်ကို တက်လာနေပါတယ်။
ပြီးခဲ့တဲ့ညက သေဆုံးခဲ့သူ လူ ၆၀ ကျော်ထဲမှာ လူ ၇ ယောက် ရှိတဲ့ ပါလက်စတိုင်း မိသားစု တစ်စုလုံး ပါသွားခဲ့တယ်လို့ ဂါဇာက ကျန်းမာရေး ဝန်ကြီး ဌာနက ပြောပါတယ်။
တနင်္လာနေ့ ကတော့ အစ္စရေး စစ်သား ၁၀ ယောက် သေဆုံးခဲ့ပါတယ်။ အဲဒီထဲက ၅ ယောက် က မြေအောက် ဥမင် လှိုဏ်ခေါင်းတွေက တဆင့် အစ္စရေးဘက်ကို ဝင်သွားတဲ့ ဟားမတ်စ် စစ်သွေးကြွတွေ ရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။
အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျာမင် နက်တန်ယာဟုက အစ္စရေးတို့ အနေနဲ့ အချိန်ကြာရှည်တဲ့ စစ်ဆင်ရေးအ တွက် ပြင်ထားရမယ်လို့ ပြောပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

မှတ်ချက်များ