ပိုလန်နိုင်ငံတွင် လေယာဉ် ပျက်ကျမှုကြောင့် လူ ၁၁ ဦး သေဆုံး

ပိုလန် နိုင်ငံတောင်ပိုင်းမှာ လေထီးခုန်သမားတွေကို တင်ဆောင်ထားတဲ့ လေယာဉ်တစီး ဇူလိုင်လ ၅ ရက်နေ့က ပျက်ကျသွားပြီး လူ၁၁ ယောက် သေဆုံး ဖွယ်ရှိတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါ တယ်။

အသက် ၄၀ ၀န်းကျင် တယောက်ကိုတော့ ဇက်စ တိုချောဗာ မြို့က ဆေးရုံကို ပို့ထားရတယ်လို့ ပြောပါ တယ်။

ညနေ ၄ နာရီလောက်မှာ လေယာဉ်ငယ်ဟာ ရတ်နီ ကီလေဆိပ်ကနေ ထွက်ခွာပြီး သိပ်မကြာခင်မှာပဲ တိုပိုလိုမြို့နားမှာ ပျက်ကျခဲ့တာလို့ ရဲအဖွဲ့က ပြောခွင့် ရသူကပြောပါတယ်။ မြေပြင်ပေါ်ကို ပျက်ကျခဲ့ ပြီးနောက် မီးလောင်မှု ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

လေယာဉ်ပေါ်မှာ လူ ၁၂ ယောက် ပါသွားတဲ့အထဲက တယောက်ပဲ အသက်ရှင်တယ်လို့ ပြောပါတယ်။

ပျက်ကျသွားတဲ့လေယာဉ်ဟာ ပိုက်ပါ လေယာဉ်ကုမ္ပဏီထုတ် ပီအေ-၃၁ နာဗာဂျို လေယာဉ်ဖြစ်ပြီး ပုဂ္ဂလိက လေထီးခုန်ကျောင်းက အသုံးပြုနေတာဖြစ်ပါတယ်။

DVB

မှတ်ချက်များ