အမျိုးသားပညာရေး ဥပဒေဟာ အရေးပါတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာစေလိမ့်မယ် – ဒေါ်စုစုလွင်

ပြည်ထောင်စု လွှတ်တော်က ဇူလိုင်လ ၃၀ ရက်မှာ အတည်ပြုလိုက်တဲ့ အမျိုးသား ပညာရေး ဥပဒေကြမ်း အရ တက္ကသိုလ်ပညာရေးပိုင်းနဲ့ တိုင်းရင်းသား စာပေ သင်ကြားရေး အပိုင်းတို့မှာ အရေးကြီးတဲ့ ပြောင်း လဲတိုးတက်မှုတွေ ဖြစ်လာမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပညာရေးကော်မတီဥက္ကဋ္ဌ ဒေါ်စုစုလွင်က ပြောပါတယ်။

အခု အတည်ပြုလိုက်တဲ့ ဥပဒေဟာ ပြည်သူ့လွှတ်တော်က တင်ထားတဲ့ ဥပဒေဖြစ်ပြီး အစိုးရက သတင်း စာထဲ ထည့်သွင်းဖော်ပြခဲ့တဲ့ ဥပဒေကြမ်း မဟုတ်ဘူးလို့လည်း ပြောပါတယ်။ ဒါပေမယ့် အစိုးရက ရေးဆွဲ ထားတဲ့ ဥပဒေကြမ်းပါ အချက်အလက်တချို့လည်း ထည့်သွင်းရေးဆွဲထားတယ်လို့လည်း ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပညာရေးကော်မတီဥက္ကဋ္ဌ ဒေါ်စုစုလွင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။



  ရွှေအောင် | DVB

မှတ်ချက်များ