စကိတ်စီးပြီး ကမ္ဘာ့ စံချိန်တင်ခဲ့တဲ့ အသက်(၆) နှစ် အရွယ် ကလေးငယ်
အိနိ္ဒယနိုင်ငံမှာရှိတဲ့ အသက်ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦးဟာ စကိတ်စီးပြီး ကမ္ဘာ့ စံချိန်တစ်ရပ် ကို ရေးထိုးခဲ့ပါတယ်။ ဘန်ဂါလိုရီ အရပ်ဒေသမှာ နေထိုင်တဲ့ ဂါဂန်ဆာတစ်ရှ်ဟာ တစ်ပြိုင်တည်း အစီအရီ ရပ်ထားတဲ့ ကား (၃၉) စီးအောက်ထဲကနေ စကိတ်စီးပြခဲ့ခြင်း ဖြစ်ပါတယ်။ ကားအောက်ပိုင်းဟာ မြေကြီးနဲ့ ငါးလက်မသာကွာဟပြီး အဲဒီကျဉ်း မြောင်းလှတဲ့နေရာကို ဂါဂန်က ခြေထောက်နှစ်ဖက်ကို ဆန့်တန်းဝင် သွားခြင်း ဖြစ်ပါ တယ်။
ဂါဂန်ဟာ မီတာ (၇၀) အကွာအဝေးကို ၀င်ရောက်နိုင်ဖို့ ပထမဆုံး စကိတ်ကို အရှိန်နဲ့ စီးနင်း ပြီး ခြေထောက်နှစ်ဖက်ကို ဆန့်တန်းပြီး ကားအောက ထဲ ၀င်ရောက်သွားတာ ဖြစ်ပါတယ်။ တဖြည်းဖြည်း ၀င်ရောက်လာပုံက စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့ပါတယ်။ စုစုပေါင်း (၂၉) စက္ကန့် သာကြာပေမယ့် အံ့မခန်း ပြ ကွက်ဖြစ်ခဲ့ပြီး ကမ္ဘာ့ စံချိန်တင်သွားခဲ့ပါတယ်။
ဂါဂန်ဟာ လေ့ကျင့်မှုတွေကြောင့် ကမ္ဘာ့ စံချိန်တင်ပြကွက်ကို ပြုလုပ်နိုင်ခြင်း ဖြစ်ပါတယ်။ ဂါဂန်က ကျွန်တော် စကိတ်စီးရတာကို အလွန်နှစ်သက်ပါတယ်။ သုံးနှစ်သားလောက် ကတည်းက စကိတ်စီးခဲ့တာပါ။ ကျွန်တော့်ရဲ့ နောက်ထပ် ရည်မှန်းချက်က ကားစီးရေ (၁၀၀) အောက်ကနေ ဖြတ်သန်းပြဖို့ ဖြစ်ပါ တယ်။ နောက်ပြီး အိုလံပစ်ပြိုင်ပွဲကိုလည်း ၀င်ရောက်ဆင်နွှဲချင်ပါတယ် လို့လည်း ပြောကြားသွားခဲ့ပါ တယ်။ ဂါဂန် ဟာ အသက်သုံးနှစ် အရွယ်မှာ မွေးနေ့လက်ဆောင်အဖြစ် စကိတ်ကို ရခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ငယ်ရွယ်လွန်းတာမို့ ဒေသခံစကိတ် ကလပ်တွေက စီးနင်းခွင့် မပေးခဲ့ပါဘူး။ ဒီနောက် မိခင်ဖြစ်သူရဲ့ သင်ကြားပေးမှုကြောင့် စကိတ်စီးတတ်လာခြင်း ဖြစ်ပါတယ်။ ဂါဂန်ဟာ စကိတ်စီးခြင်း ကြောင့် ဒဏ်ရာတွေ အများကြီးရခဲ့ပေမယ့် စိတ်ပျက်သွားခြင်းမရှိဘဲ အကြိမ်ကြိမ် ပြန်သင်ယူခဲ့ပါတယ်။
ဂါဂန်ဟာ ကားအောက် ထဲကို လျှိုပြီး စကိတ်စီးရာ မှာ ယခင်စံချိန်ဖြစ်တဲ့ (၄၈ ဒသမ ၂၁)မီတာကို ချိုးဖျက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဂါဂန်ဟာ နံနက် (၅)နာရီတိုင်း အိပ်ယာကထပြီး စကိတ်စီးလေ့ကျင့် မှုတွေ ပြုလုပ်ပြီးတဲ့နောက် ကျောင်းကို သွားလေ့ရှိတယ်လို့ သိရပါတယ်။ ဂါဂန်ရဲ့ စွမ်းဆောင်ရည်ကို မိသားစုဝင်တွေ ဂုဏ်ယူကျေနပ်နေကြတယ်လို့ သိရပါ တယ်။
The Messenger

မှတ်ချက်များ