အဝတ်လျှော်ပြီ မီးပူပါ တစ်ခါတည်း တိုက်ပေးတဲ့ စက်


The Swash လို့ အမည်ရတဲ့ စက် ဖြစ်ပြီး အမေရိကန် အခြေဆိုက် Whirlpool နဲ့ P&G တို့မှ ထုတ်လုပ်ထား တဲ့ စက် ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ ရသလိုပဲ မိမိ အိပ်ခန်းထဲမှာ ထားရှိနိုင်မယ့် ဗီရို ပုံစံ အဝတ်လျှော်ပြီး မီးပူ တိုက်ပေးမယ့် စက် ဖြစ်ပါတယ်။

ဒီအတွက် ရေလည်း မလုပ်အပ် ပါဘူး။ စက်ထဲကနေ အဝတ်ကို သန့်ရှင်းစေမယ့် အငွေ့ တစ်ခု ဖြန်း ပတ်ပေးပြီး အဝတ်အစားကို အရောင်မလွင့်၊ မပျက်စီး စေပြီး မီးပူပါ တစ်ခါတည်း တိုက်ပြီးတဲ့ အဝတ် ကို ပေးမှာ ဖြစ်ပါတယ်။

ပုံမှာ မြင်တွေ့ ရသလိုပဲ ချိတ်ပြီး ထည့်ရုံပဲ ဖြစ်ပါတယ်။ အချိန် အနည်းငယ် အတွင်း အဝတ် တစ်ထည် အတွက် ပြီးစေတာမို့ တစ်ကိုယ်ရေ တစ်ကာရ သမားများ အတွက် ပိုမို သင့်လျော် ပါတယ်။ သူ့အတွက်က လျှပ်စစ် ဓာတ်အားပဲ လိုအပ် တာပါ။ ဓာတ်ငွေ ဖြန့်ပြီး ပြန့်သွားစေအောင်လည်း အပူ၊ အအေး ထိန်း စနစ် ပါဝင်တာကြောင့် ထပ်ပြီး အလုပ်ရှုပ် စရာလည်း မလို ပါဘူး။ ရုံးသွားခါနီး ထုတ်ဝတ် ရုံပါပဲ။

ဒီလို ကောင်းမွန်တဲ့ ပစ္စည်းရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ၄၉⁠၉ ဒေါ်လာ ရှိပြီး အမေရိကန်မှာ လပိုင်း အတွင်း အော်ဒါ နဲ့ ရရှိနိုင်မှ ဖြစ်ပါတယ်။



ရိုးရာလေး

မှတ်ချက်များ