သူမ လိင်အင်္ဂါနဲ့ပတ်သက်ပြီး ရုပ်သံလိုင်းမှာ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ခဲ့တဲ့ ဗြိတိန်အမျိုးသမီး


ဗြိတိန်နိုင်ငံက အသက် ၂၂ အရွယ်အမျိုးသမီးတစ်ဦးက သူ့ရဲ့ အရှက်သိက္ခာကို မငဲ့ ကွက်ပဲ ရဲရဲဝံ့ဝံ့နဲ့ နိုင်ငံ ပိုင်ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ Channel4 ရဲ့ ကျန်းမာရေးကဏ္ဍ ခေါင်းစဉ် တစ်ခုအောက်က ပုံမှန်မဟုတ်တဲ့ခန္ဓာ ကိုယ်အစိတ်အပိုင်းခံစားမှုဆိုတဲ့ အစီအစဉ်မှာ သူမခန္ဓာကိုယ်ရဲ့ လျို့ဝှက်ချက်တစ်ခုကိုပြောပြသွားခဲ့ပါ တယ်။

ကယ်လီစမစ်ဆိုသူ အမျိုးသမီးက ငယ်စဉ်မွေးကတည်းက မိန်းမလိင်အင်္ဂါစပ် သေးငယ် တဲ့အပြင် သားအိမ် လည်း ပါမလာခဲ့တာကို သတိမပြုမိခဲ့ပဲ အပျိုဖော်ချိန်ရောက်လောက်မယ့် အသက် ၁၇ နှစ်အရွယ်ရောက်မှ သားအိမ်ပါမလာတာနဲ့ မလိင်အင်္ဂါစပ်သေးငယ် တာကို သတိထားမိခဲ့တယ်လို့ ရုပ်သံလိုင်းအစီအစဉ်တစ်ခု မှာ ဆွေးနွေးပြောကြားခဲ့ တာပဲဖြစ်ပါတယ်။

ငယ်စဉ်ကလေးဘ၀မှာတော့ ဒီလိုခန္ဓာကိုယ်မူမမှန်တဲ့ ခံစားမှုတွေကို မခံစားခဲ့ရပေမဲ့ လည်း အသက်အပိုင်း အခြားတစ် ခုကို ရောက်ရှိချိန်မှာတော့ ခန္ဓာကိုယ်ရဲ့ ဇီဝကာမဖြစ် စဉ်တွေပြောင်းလဲလာတာမျိုးတွေရှိတဲ့အ တွက်ကြောင့် သူမရဲ့ ဒီလို လိင်နဲ့ပတ်သက်ပြီး အားနည်းတာမျိုးတွေ၊ ချို့တဲ့တာမျိုးတွေနဲ့ ဟော်မုန်းမ ထုတ်နိုင်တာမျိုးတွေကို သိသိ သာသာခံစားလာရတယ်။

နောက်ပြီး အမျိုးသမီး အင်္ဂါစပ်သေးငယ်တဲ့အတွက် အသက် ၁၉ နှစ်အရွယ်ချစ် သူကောင်လေးနဲ့ အတူ မနေနိုင်တာရယ်နဲ့ သားအိမ်ပါမလာတာကြောင့် ရာသီ စက်ဝန်းလည်ပတ်ကာ သွေးဆင်းတာမျိုးမရှိတဲ့အ တွက် ကိုယ်ဝန်ဆောင်နိုင်ခြင်း မရှိတာက ကလေးချစ်တတ်တဲ့ သူမအတွက် အဆိုးဆုံးအခြေအနေတွေပါလို့ ရင်ဖွင့်ခဲ့ပါတယ်။

ဆေးပညာသမိုင်းမှတ်တမ်းများအရ ဒီလိုမျိုးထူးခြားတဲ့ အနေအထားရောဂါလက္ခဏာ မျိုးက လူအယောက် ၅ ထောင်မှာ တစ်ဦးမျှသာကြုံတောင့်ကြုံခဲ ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။ စမစ်က သူမရဲ့ ဒီလိုရောဂါခံ စားရတာနဲ့ပတ်သက်ပြီးတော့ ဘယ်လို ခွဲစိတ်ကုသမှုမျိုးကိုမျှ လုပ်ဆောင်ရန် ဆန္ဒမရှိသော်လည်း dilatotherapy လို့ခေါ်တဲ့ အမျိုးသမီးလိင်အင်္ဂါစပ်ကို ဆန့်ထုတ်တဲ့ ကုသထုံးနဲ့ ခြောက်လတစ်ကြိမ် ကုသလျှက် ရှိပြီးတော့ တိုးတက်လာတဲ့လက္ခဏာဘက်ကိုရောက်ရှိနေတယ်လို့ သိရပါတယ်။

နိုင်ငံတွင်းမှာ ဒီလိုလွှင့်တဲ့ရုပ်သံလိုင်းအစီအစဉ်တစ်ခုမှာ သူမရဲ့ ဒီလိုကျန်းမာရေးဆွေး နွေးပေးတဲ့ အစီအ စဉ်ကို နိုင်ငံအ၀န်း က ကြည့်ရှုသူ ၁သောင်း၂ထောင်ကျော်ရှိပြီး သူမအပေါ် အားပေးထောက်ခံပေးကြပါ တယ်။

Phothutaw


မှတ်ချက်များ