ရေချိုတွင်ပျော်သော သြစတေးလျမှ ဧရာမ ရေငံမိကျောင်း
၅.၅ မီတာ အရှည်ရှိတဲ့ သြစတေးလျနိုင်ငံမှ ရေငံမိကျောင်း ဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာ တွေ့ရှိတဲ့ မိကျောင်း ကတော့ ၆ မီတာ ကျော်တဲ့အတွက် သြစတေးလျက ယင်းမိကျောင်းက ကမ္ဘာ့အကြီးဆုံး မိကျောင်းစာရင်းမှာ နံပါတ် ၁ တော့မဟုတ်ပါဘူး။
အခုတော့ ရေချို (Adelaide မြစ်) မှာ နေထိုင်ကျက်စားလျက်ရှိပါတယ်။ ငါးမန်းကြီး တစ်ကောင်နဲ့ တိုက်ခိုက် ထားရ မှုကြောင့် ခြေတစ်ချောင်း မရှိတော့ပဲ ခြေသုံးချောင်းသာ ကျန်ရှိတော့တဲ့ မိကျောင်း ဖြစ်ပါတယ်။ သူ့ကို Brutus လို့အမည်ပေးထားကြပါတယ်။
Adelaide မြစ်ကို ရောက်လာတဲ့ လှေ၊ သင်္ဘောများမှ ကျွေးမွေးတဲ့ အသားခဲ၊ အစာများကို စားသောက် ရင်း ရေချိုမြစ်ထဲမှာ ပျော်လျက်ရှိပါတယ်။ လူတွေ ကို ရန်မမူပဲ ကမ္ဘာလှည့်ခရီးသွားများအတွက် စိတ်ဝင်စား စရာ၊ ချစ်စရာ တိရစ္ဆာန် တစ်ကောင် ဖြစ်နေပါတယ်။ Brutus ဟာ အသက် ၈၀ အရွယ်ရှိပြီ ဖြစ်တဲ့ မိကျောင်း တစ်ကောင် ဖြစ်ပြီး ငါးမန်းများရဲ့ ရန်ကို ကြောက်ရွံ့ လို့ ရေငဲထဲ ထပ်မသွားတော့ တာ ဖြစ်တယ် လို့လည်း Adelaide မြစ်လုံခြုံရေးအဖွဲ့များက ၎င်းတို့ ယူဆချက် ကို ပြောကြား ခဲ့ပါတယ်။
ရိုးရာလေး

မှတ်ချက်များ