လာမယ့် ၂၀၁၄ သြဂုတ် ၁ ရက်နေ့ကစ ဖွင့်မယ့် ၃၀၇ ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲကနေစ လက်ရှိ ကျင့်သုံးနေတဲ့ မင်္ဂလာစုံတွဲ ယူနစ်ဆုစနစ်ကို ဖျက် သိမ်းပြီး ပဒေသာယူနစ် ဆုမဲစနစ်ကို ပြောင်းလဲ ကျင့်သုံး သွားမယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။
ပြောင်းလဲကျင့်သုံးမယ့်စနစ်အရ ထီဆုကြေးတွေကို ကျပ် သိန်း ၁၅၀၀၊ ၁၀၀၀၊ ၅၀၀၊ ၃၀၀ ကနေ ကျပ် ၂ သိန်း ဆုတွေအဖြစ် သတ်မှတ်သွားမှာ ဖြစ်ပြီး ကျပ် ၁ သိန်းနဲ့ ကျပ် ၅ သောင်း ဆုတွေကိုတော့ ပဒေသာ ယူနစ် ဆုမဲတွေအဖြစ် ပေးအပ်သွားမယ်လို့ ဆိုပါတယ်။
ပဒေသာဆုမဲ ဆိုတာကတော့ ထွက်ပေါ်လာတဲ့ ရှေ့ဂဏန်း ၄ လုံး တူညီရုံနဲ့ အက္ခရာ မတူညီတာရော ၊ နောက်ပိုင်းဂဏန်း မတူတာတွေကိုပါ ဆုကြေး ချီးမြှင့်မယ့်စနစ်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါ တယ်။
လာမယ့် သြဂုတ် ၁ ရက်နေ့ ထီဖွင့်ပွဲမှာ ဆုမဲပေါင်း ၂ သောင်း ၈ ထောင်နီးပါး ဖွင့်လှစ် ပေးသွားမယ်လို့ ကြေ ညာထားပါတယ်။
DVB

မှတ်ချက်များ