အိန္ဒိယရဲ့ နာဂရိုးရာ ဂီတနဲ့အကအလှ မြန်မာနာဂနဲ့ ဘာတွေကွဲပြားလဲ


အိန္ဒိယမြန်မာ ယဉ်ကျေးမှုဖလှယ်ရေးအတွက် အရှေ့မြောက်ပိုင်းက နာဂပြည်နယ်ရဲ့အကနဲ့ဂီတကို မြန်မာ ရိုးရာ အကအဆိုတွေနဲ့ တွဲဖက်ပြီး ရန်ကုန်မှာ ဇူလိုင် ၅ရက်နေ့ညနေမှာ ဖျော်ဖြေခဲ့ကြပါတယ်။ ပထမဆုံး နာဂယဉ်ကျေးမှု ဖျော်ဖြေပွဲ ဘာ့ကြောင့်ကျင်းပတာလဲ။

မြန်မာပြည်သူတွေ အခြားနိုင်ငံတွေက မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေကို သိစေဖို့နဲ့ မြန်မာ့ယဉ်ကျေးမှု ကိုလည်း ပြန်လည်သိရှိစေချင်အောင် လုပ်ဆောင်တာလို့ ယဉ်ကျေးမှုဝန်ကြီးဌာနက ဆိုပါတယ်။ Handshake Concert လို့ နာမည်ပေးထားတဲ့ ဒီဖျော်ဖြေပွဲကို Nagaland ပြည်နယ်က Rattle & Hum Music Society တို့ ပူးပေါင်း ကျင်းပတာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံက ဂရမ်မီဆုရှင် ဂီတပညာရှင် ပဏ္ဍစ် ဗစ်ရှဝါ မိုဟန် ဘာ့သ်နဲ့အတူ နာဂလန်းပြည်နယ်ရဲ့ Choir အဖွဲ့သား ၁ဝယောက်က တီးမှူတ်ခဲ့ကြပြီး Tetseo Sisters နာဂလူငယ်တွေက အကတွေနဲ့ ဖျော်ဖြေခဲ့ကြပါ တယ်။ သူတို့ရဲ့ ဖျော်ဖြေမှုကို မြန်မာတွေ နှစ်သက်ကြမယ်လို့ မျှော်လင့်ပြီး အချစ်သီချင်းတွေ ပါသလို ဘော လိဝုဒ်သီချင်းတွေလည်း ပါဝင်မယ်လို့ ပြောပါတယ်။

မြန်မာနဲ့ အိန္ဒိယနိုင်ငံမှာရှိတဲ့ နာဂမျိုးနွယ်စုတွေဟာ အချင်းချင်း ယဉ်ကျေးမှုနဲ့ ဝတ်စားဆင်ယင်ပုံတွေ ကွဲပြားသလို အကအလှတွေ မတူညီဘူးလို့ မြန်မာနိုင်ငံက နာဂတိုင်းရင်းသား ကိုရှုမောင်က ပြောပါတယ်။ အခြားနိုင်ငံက နာဂတွေရဲ့ဖျော်ဖြေပွဲကို မြန်မာနာဂတွေ လာအားပေးတာပါလို့ ဆိုပါတယ်။



kamayutmedia

မှတ်ချက်များ