ကျေးရွာပေါင်း ၆ ထောင်ကျော်တွင် အခမဲ့အင်တာနက်စင်တာများ ဖွင့်မည်
မြန်မာနိုင်ငံအတွင်းက ကျေးရွာပေါင်း ၆ ထောင်ကျော်မှာ အခမဲ့ အင်တာနက် အသုံးပြုနိုင်ဖို့အတွက် ဂျပန် အကူအညီနဲ့ ဆောင်ရွက်သွားဖို့ အစီအစဉ်ရှိနေတယ်လို့ မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင် များအသင်း က ပြောပါတယ်။
မြန်မာနိုင်ငံတွင်းက မြို့နဲ့ အလှမ်းဝေးတဲ့ဒေသက လူဦးရေ များပြီး ဖွံ့ဖြိုးမှု အားနည်းနေတဲ့ ကျေးရွာတွေမှာ အင်တာနက်အသုံးပြုပြီး စီးပွားရေးနဲ့ လူမှုရေးတွေ လုပ်ကိုင်နိုင်စေဖို့အတွက် E village Center တွေကို ဂျပန် ဆက်သွယ်ရေး အင်ဂျင်နီယာနဲ့ အတိုင်ပင်ခံ ၀န်ဆောင်မှု ဂျေတီအီးစီအဖွဲ့ရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ မြန် မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်များအသင်းက အကောင်အထည် ဖော်နေတာ ဖြစ်ပါတယ်။
အစီအစဉ်ကို အကောင်အထည်ဖော်နေတဲ့ မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်များအသင်းက အထွေထွေ အတွင်းရေးမှူး ဦးဇော်မင်းဦးက ဒီလို E Village Center တွေ တည်ဆောက်ရခြင်း ရည်ရွယ်ချက်နဲ့ ပတ်သက် ပြီး ခုလို ပြောပါတယ်။
“အဓိကတော့ ရွာတွေမှာ အိုင်တီကို သုံးခြင်းအားဖြင့် ဒီမှာရှိတဲ့သူတွေရဲ့ နေ့စဉ်လှုပ်ရှားနေတဲ့ ဘ၀မှာ အိုင် တီအသုံးပြုပြီးတော့ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ သဘောနဲ့ အကောင်အထည်ဖော်တာပေါ့။”
ပထမဆုံးအနေနဲ့ တွံတေးမြို့နယ် ဘုရားငုတ်တိုကျေးရွာမှာ စတင် တပ်ဆင်နေပြီး E village Center တွေ ကို ကျေးရွာပေါင်း ၆ ထောင်ကျော်မှာ ရရှိအောင် လုပ်ဆောင်ဖို့ လျာထား ကြောင်းနဲ့ စင်တာတခုမှာ အနည်း ဆုံး ကွန်ပျူတာ ၆ လုံး ထားရှိသွားမယ်လို့လည်း ဆိုပါတယ်။
ဒီစင်တာတွေမှာ အင်တာနက် အခမဲ့ သုံးစွဲလို့ ရမှာ ဖြစ်ပြီး ကျေးရွာအတွက် အထောက် အပံ့ ဖြစ်စေမယ့် စိုက်ပျိုးနည်းစနစ်တွေသာမက ကျေးရွာဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေကိုလည်း ရရှိအောင် ဆောင်ရွက်ပေးသွားဖို့ ရှိပါတယ်။
ဒါ့ပြင် ရွာသားတွေ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ကူညီပေးနိုင်မယ့် အိုင်တီ ပညာကျွမ်းကျင် တဲ့သူတွေကို ခန့်ထားဖို့လည်း ရှိပါတယ်။
ဒီစင်တာတွေ တည်ဆောက်ပြီး သွားလို့ အိုင်တီပိုင်းအကူအညီနဲ့ ကျေးရွာ ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ဆောင်နိုင်မယ်ဆိုပေမယ့် လက်တွေ့မှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ရှိနေသေးတယ်လို့ ဦးဇော်မင်း ဦးက ပြောပါတယ်။
“ကျနော်တို့အနေနဲ့ ပူးပေါင်းပါဝင်မှုတွေ အများကြီးလိုတယ်။ ကျေးရွာရဲ့ အုပ်ချုပ်ရေးပိုင်းကော နောက် တခုက ရွာသားတွေရဲ့ ပူးပေါင်းပါဝင်မှုပေါ့ဗျာ ဒီအပေါ်မှာလည်း စိတ်ဝင်စားမှု လိုနေသေးတယ်ဆို တာ တွေ့ ရတယ်။ သူတို့အတွက် အသုံးကျမှ သူတို့ကလည်း လာသုံးချင်မှာပေါ့။ အဓိက စိတ်ဝင်စားတဲ့သူတွေက လူ ငယ်တွေ ပိုများသလိုဖြစ်နေတယ်။”
စင်တာ စတင်ဖွင့်လှစ်တဲ့နေ့ကနေ ၁ နှစ်အထိ အင်တာနက် အခမဲ့ အသုံးပြုနိုင်မှာ ဖြစ်ပေမယ့် နောက် ပိုင်းတွေမှာတော့ သင့်တင့်တဲ့နှုန်းထားနဲ့ အခကြေးငွေ ကောက်ခံသွားဖို့ ရှိနေပါတယ်။
DVB

မှတ်ချက်များ