နှစ်အတော်ကြာ ရှာလိုက်ရပြီး အလုပ်တစ်ခုတည်းမှာပဲ အမေ့ကို ပြန်တွေ့
သက္ကရာဇ် ၂၀၀၇ ခုနှစ် ဒီဇင်ဘာလက ဖြစ်ရပ်လေး တစ်ခု ဖြစ်ပါတယ်။ အသက် ၂၂ နှစ် ရှိပြီ ဖြစ်တဲ့ Steve Flaig ဟာ အမေဖြစ်သူ Christine Tallady ကို အလုပ် အတူလုပ်တဲ့ ကုန်တိုက်ကြီးမှာပဲ ပြန်လည် တွေ့ရှိ ခဲ့ခြင်း ဖြစ်ပါတယ်။ Christine Tallady ဟာ အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်ရပြီး ဆင်းရဲ ပါတယ်။
ငွေကြေး အားဖြင့်လည်း ကျွေးမွေးဖို့မလုံလောက်ပေမယ့် ကိုယ်ဝန်ဖြတ်ချဖို့ စိတ်မကူး ခဲ့ပါဘူး။ မဖြစ်ဖြစ်အောင် မွေးခဲ့ပြီး မိဘမဲ့ ကလေးကျောင်း တစ်ခုကို သွားထားခဲ့ ပါတယ်။ ထားတုန်းက တစ်ချန်ကျရင် သူ့ကို ပြန်ရှာလို ပြန်ရှာညား ဆိုတဲ့ မျော်လင့်ချက်လေးနဲ့ သူမရဲ့ အမည်ကို ရေးထားခဲ့ ပါတယ်။ နောက်တော့ Tallady ဟာလည်း နောက်ထပ် သားသမီး ၂ ဦး ထပ်ရပြီး မိသားစု အဆင်ပြေ သါ်ွားပါတယ်။
မွေးစားသူ မိဘများ ရှိသွားခဲ့တဲ့ ကလေးငယ် Steve Flaig ဟာ အသက် ၁၈ နှစ် ရောက်တဲ့ အချိန်က စလို့ မိရင်းဖရင်းကို ရှာဖွေဖို့ အတွက် စတင် ပါတော့တယ်။ ဒီအတွက်လည်း သူ့ရဲ့ မွေးစား မိဘ များက သဘောတူ ပါတယ်။ ကုန်တိုက်မှာ အလုပ်လုပ်ရင်း နဲ့ ရှာပါတယ်။ တစ်နေ့တော့ သူ့ရဲ့ အမေ ဖြစ်သူနဲ့ အလုပ် အတူ လုပ်နေတာကို သိရပြီး ပြန်ရှာတွေ့ခဲ့ ပါတယ်။ အမေ ဖြစ်သူက ငွေချေ ဌာနမှာ အလုပ်လုပ်ခြင်း ဖြစ်ပါတယ်။ Steve Flaig ကတော့ သယ်ယူ ပို့ဆောင်ရေး ဒရိုင်ဘာ ဖြစ်ပါတယ်။
၂၀၀၇ ခုနှစ် ဧပြီလက စတင်လို့ သူ့ရဲ့ အမေ ဖြစ်သူ အလုပ်စဝင်တာ ဖြစ်ပေမယ့် ၂၀၀၇ ခုနှစ် ဒီဇင်ဘာမှ အမေဖြစ်မှန်း သိရှိခဲ့ခြင်း ဖြစ်ပါတယ်။ အမြဲတွေ့ဖြစ်ကြ၊ ကြုံရင် စကား ပြောဖြစ်ကြပေမယ့် အမေမှန်း မသိခဲ့ ပါဘူး။ ယခုတော့ မိသားစု ပြန်လည် စုံတေ့ရတဲ့ အတွက် သားအမိ နှစ်ဦးလုံး ပျော်ရွှင်နေတာကို ယခု လို မြင်တွေ့ ရပါတယ်။
ရိုးရာလေး
မှတ်ချက်များ