သင့်မျက်လုံးအရောင်က ပြောပြပေးမယ့် သင့်အကြောင်း


မျက်လုံးဆိုတာ စိတ်ရဲ့တံခါးပေါက်လို့ ဆိုကြပါတယ်။ နောက်ထပ်တစ်ဆင့်ထပ်ကဲပြီး ဆိုရရင်ဖြင့် မျက်လုံး ဟာ ကျန်းမာရေးရဲ့ တံခါးပေါက်တွေလည်း ဖြစ်ပါရဲ့။ သင့်မျက်လုံးအရောင်ကို ကြည့်ပြီး သင်ဟာ ကျန်းမာ သူလား၊ အားကစား လိုက်စားသူလား စသဖြင့် ခွဲခြားနိုင်ပါသေးတယ်။ Pittsburgh တက္ကသိုလ်က သုတေ သနပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ မျက်လုံးအရောင်ဖျော့တဲ့ အမျိုးသမီးတွေဟာ ကလေးမွေး တဲ့အခါ မျက်လုံးအရောင်ရင့်တဲ့ အမျိုးသမီးတွေထက် နာကျင်မှုလျော့နည်းတယ်လို့ ဆိုထားပါတယ်။

အရက်သောက်သုံးမှုမှာကျတော့ မျက်လုံးအရောင်ဖျော့တဲ့သူတွေဟာ အရောင်ရင့်တဲ့ သူတွေထက် ပိုသောက်နိုင်ကြတယ်လို့ ဆိုပြန်ပါတယ်။ မျက်လုံးဟာ လူတစ်ယောက်ရဲ့ မျိုးရိုးဗီဇအလိုက် အရောင်ကွဲ သွားကြပါတယ်။ အရေပြားနဲ့ ဆံပင်မှာရှိတဲ့ အမည်းရောင်ဒြပ်ကြောင့်ပဲ အရောင်ဖြစ်ပေါ်မှုတွေဟာ မျက်လုံးကို ပိုအရောင်ရင့်သွားစေတာမျိုးပါ။ မျက်လုံးအရောင်ရင့်တဲ့သူတွေဟာ စိတ်ကိုထိန်းချုပ်မှုပိုင်း အားနည်းတာကြောင့် အရက်သောက်နှုန်း လျှော့ချသင့်ပေမယ့် ဦးနှောက်ကိုသွားတဲ့ တုံ့ပြန်မှု အားကောင်းမွန်တာကြောင့် အားကစားလုပ်တဲ့ဘက်မှာတော့ ထူးချွန်ကြတယ်လို့ သိရပါတယ်။

Louisville တက္ကသိုလ်ရဲ့ တွေ့ရှိချက်မှာတော့ မျက်လုံးအရောင်ဖျော့တဲ့သူတွေဟာ ပူပေါင်းလုပ်ဆောင် မှုတွေမှာ အားသာတဲ့အပြင် စာပေလေ့လာတာမျိုး၊ သင်ယူတာမျိုးတွေ လုပ်သင့်တယ်လို့လည်း ဆိုထားပြန် ပါတယ်။

မေသော် | Trend Myanmar

မှတ်ချက်များ