နာမည်ပြောင်းတော့မည့် မလေးရှားလေကြောင်းလိုင်း


ပြီးခဲ့တဲ့ခြောက်လအတွင်း အဖြစ်ဆိုးကြီးနှစ်ခုကို ကြုံခဲ့ရပြီးနောက်မှာ Malaysian Airlines ဟာ နာမည်ပါ ပြောင်းတော့မှာ ဖြစ်ပါတယ်။

လေကြောင်းလိုင်းရဲ့ ပြောကြားချက်အရ နာမည်ပြောင်းခြင်းအပါအဝင် သူတို့ရဲ့လုပ်ငန်းကိုပါ ပြန်လည် တည်ဆောက်ဖို့ လုပ်နေပြီလို့ဆိုပါတယ်။ဒီလိုပြောင်းလဲမှုထဲမှာ လေယာဉ်လမ်းကြောင်းအသစ်များကို ပါ ထည့်သွင်းစဉ်းစားနေတယ်လို့ဆိုပါတယ်။

လက်ရှိမှာ မလေးရှားအစိုးရက အဓိကရှယ်ယာပါဝင်နေတဲ့ ဒီလေကြောင်းကုမ္ပဏီအား ပြန်လည် တည်ဆောက်ဖို့အတွက် ရင်နှီးမြှပ်နှံသူ အသစ်များကိုလည်း ရှာဖွေသွားမှာဖြစ်ပါတယ်။

“ကျွန်တော်တို့ရဲ့အဓိကရှယ်ယာရှင် မလေးရှားအစိုးရဟာ ကျွန်တော်တို့လုပ်ငန်းရဲ့အနာဂတ်ပုံစံကို တွက်ချက် အကဲဖြတ်နေခဲ့တာပါ။ MH 17 ရလဒ်ကြောင့် ဒါကို အရှိန်မြှင့်သွားပါမယ်”လို့ လေကြောင်းလိုင်း ရဲ့ စီးပွားရေးဆိုင်ရာ ဒါရိုက်တာက The Daily Telegraph ကို ပြောကြားခဲ့ပါတယ်။

phothutaw

မှတ်ချက်များ