သက်ပြည့်ပင်စင် (၆၃)နှစ်သို့ တိုးမြှင့်မည်ဆိုသော သတင်း မမှန်ဟု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌပြော
ပြင်ပတွင် သတင်းထွက်နေသော နိုင်ငံ့ဝန်ထမ်းများ၏ သက်ပြည့်ပင်စင်အား (၆၀)နှစ်မှ (၆၃)နှစ်သို့ တိုးမြှင့်မည်ဆိုခြင်းမှာ မှန်ကန်မှုမရှိဘဲ လက်ရှိ တည်ဆဲဥပဒေအရ သက်ပြည့်ပင်စင်မှာ (၆၀)နှစ် သာဖြစ်ကြောင်း သတင်းရရှိသည်။
ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မြောင်မဲဆန္ဒနယ်မှ ဦးအုန်းငွေက အသက် (၆၀)အစား (၆၃)နှစ်ပြည့်မှသာ သက်ပြည့်ပင်စင် သတ်မှတ်မည်ဆိုခြင်းမှာ မှန်၊ မမှန် မေးမြန်းမှုကို ပြန် လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါမေးမြန်းမှုအပေါ် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူက နိုင်ငံ့ဝန်ထမ်းဥပဒေအရ သက်ပြည့်ပင်စင် သတ်မှတ်ချက်အမှန်မှာ အသက် (၆၀)နှစ်သာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
7day

မှတ်ချက်များ