မလေးရှားလေယာဉ်ပျက်ကျသည့်နေရာကို အကန့်အသတ်မရှိ ၀င်ရောက်ခွင့်ရရန် လုံခြုံရေးကောင်စီတောင်းဆိုမည်

(Photo : AFP)
ယူကရိန်းအရှေ့ပိုင်းတွင် မလေးရှားလေကြောင်းလိုင်းလေယာဉ် ပျက်ကျခဲ့သည့်နေရာအား အကန့်အသတ် မရှိ ဝင်ရောက်ခွင့်ရရန် ရုရှားလိုလားသော ခွဲထွက်ရေးသူပုန်များကို တောင်းဆိုသည့် ဆုံးဖြတ်ချက်အား လုံခြုံရေးကောင်စီက ဇူလိုင် ၂၁ ရက်မှာ မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။

ရုရှားကို ပစ်မှတ်ထားသော နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတွင် ဒေသတွင်းနိုင်ငံ အားလုံး ပူးပေါင်းဆောင် ရွက်ကြရန် ဩစတြေးလျက တောင်းဆိုခဲ့ပြီးနောက် လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို ဇူလိုင် ၂၁ ရက် အမေရိကန်စံတော်ချိန် ညနေ ၃ နာရီ၌ မဲခွဲဆုံးဖြတ်ရန် စီစဉ်ထားသည်။


လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်ဖြစ်သော ရုရှားက ယင်းဆုံးဖြတ်ချက်ကို ပယ်ချရန် ဗီတိုအာဏာရှိထား သည်။ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီးက လုံခြုံရေးကောင်စီဆုံဖြတ်ချက်မူကြမ်းတွင် သဘောကွဲလွဲ ဖွယ်ရာအချို့ ရှိနေဆဲဖြစ်ကြောင်း၊ သမာသမတ်ကျသော စုံစမ်းစစ်ဆေးမှုကို အလေးထားလိုကြောင်း ပြော ကြားခဲ့သည်။

ရုရှားက ကန့်ကွက်မှုများဆောင်ရွက်နေခြင်းသည် စုံစမ်းစစ်ဆေးမှုနှောင့်နှေးရန်အတွက် ကျင့်သုံးသည့်နည်း ဗျူဟာများ ဖြစ်ဖွယ်ရှိကြောင်း ဗြိတိန်က ပြစ်တင်ခဲ့သည်။

“ ဒီဆုံးဖြတ်ချက်ကို ကောင်စီမှာ လူတိုင်းက ဘာကြောင့် မထောက်ခံနိုင်သလဲဆိုတာ အကြောင်းပြချက်မ ရှိပါဘူး” ဟု ကုလသမဂ္ဂဆိုင်ရာ ဩစတြေးလျသံအမတ်ကြီးက ပြောကြားခဲ့သည်။ မလေးရှားလေကြောင်း လိုင်းလေယာဉ် ခရီးစဉ်အမှတ် MH 17 သည် ဇူလိုင် ၁၇ ရက်က ယူကရိန်းအရှေ့ပိုင်းတွင် မြေပြင်မှ ဝေဟင် ပစ်ဒုံးကျည်ကြောင့် ပျက်ကျခဲ့ဖွယ်ရှိသည်။ လေယာဉ်ပျက်ကျမှုတွင် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းများ ကို လွှဲပြောင်းပေးရန် သူပုန်များကို တိုက်တွန်းရန်အတွက် ရုရှားသမ္မတပူတင်က ဩဇာသုံးဆောင်ရွက်ရန် ကမ္ဘာ့ခေါင်းဆောင်များက တိုက်တွန်းထားသည်။ လေယာဉ်ပျက်ကျမှုအတွက် ရုရှားကို ပိတ်ဆို့အရေးယူမှု များ ထပ်မံဆောင်ရွက်သွားမည်ဟုလည်း ဥရောပသမဂ္ဂနိုင်ငံအများစုက သတိပေးထားသည်။

EMG

မှတ်ချက်များ