ပျားသလက်စားပြီး နေအိမ်အပြန်တွင် မူးဝေအော့အန် သေဆုံး


မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့ နယ်၊ ဆည်တော်ကြီး လျှပ်စစ်ဓါတ်အားပေး စက်ရုံမှ လက်ထောက်လျှပ် စစ် အင်ဂျင်နီယာတစ်ဦး ပျားသလက် စားပြီးနေအိမ် အပြန်တွင် မူးဝေအော့အန်၍ ခနာကိုယ်ပြာနှမ်း လာ ပြီး သေဆုံးမှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာမတ်္တရာမြို့၊ ဆည်တော်ကြီး လျှပ်စစ်ဓါတ်အားပေးစက်ရုံမှ အသက် (၄၈) နှစ်အရွယ် လက်ထောက် အင်ဂျင်နီယာတစ်ဦးသည် ဇူလိုင် လ (၁၄) ရက်နေ့၊ နံနက် (၉) နာရီ အချိန်ခန့်က လျှပ်စစ်ဝင်းအတွင်းရှိ (၁၁) ကေဗွီ ဓာတ်အား လိုင်းသန့်ရှင်းရေး ပြုလုပ်နေသော ၀န်ထမ်းများအား သွား ရောက်ကြီးကြပ်စဉ် တွေ့ ရှိသည့်ပျားအုံတစ်အုံကို ဖွတ်ယူ ကာ ပျားသလက်ကို စားခဲ့ကြောင်း ၊ ယင်းသို့ စားပြီးနောက် (၁၀) နာရီခွဲအ ချိန် နေအိမ်သို့ ရောက်ရှိစဉ် ရုတ်တရက် အော့အန်ကာ ပါးစပ်မှ အမြှုပ်များထွက်ပြီး ခန္ဓာကိုယ်ပြာနှမ်းလာ သဖြင့် မတ္တရာဆေးရုံကြီးသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံး သွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အတွက် မတ္တရာမြို့နယ် ဆည်တော်ကြီးရဲစခန်းမှ သေမှုသေခင်းအမှတ် စဉ် ၃/၂၀၁၄ဖြင့် ရေး ဖွင့်စစ်ဆေးလျှက်ရှိကြောင်းသိရသည်။

Messenger

မှတ်ချက်များ