အမျိုးသမီးသားအိမ်ပါလာတာကြောင့် ရာသီသွေးဆင်းသလိုခံစားရတဲ့ တရုတ်အမျိုး သား
လက်ထက်ပြီးခါကစအမျိုးသားတစ်ဦးဖြစ်တဲ့ ချန်က သူ့ရဲ့ဝမ်းဗိုက်နာကျင်တဲ့ ဝေဒနာ ကို ခံစားနေရတဲ့အ တွက် နိုင်ငံတွင်းက ရောင်ခန်းဆေးရုံတစ်ရုံကို သွားရောက်စမ်းသပ် ပြသခဲ့တဲ့အခါမှာ သူကိုယ်တိုင်ကော စမ်းသပ်ဆရာဝန်တွေပါ ဘယ်လိုမှမယုံကြည်နိုင် ခဲ့တဲ့ စစ်ဆေးချက်ရလာဒ်တစ်ခုကို တွေ့ရှိခဲ့ရပါတယ်။
ခြေထောက်တွေ၊ မျက်နှာ အစိတ်အပိုင်းတွေ နာကျင်လာရမှတဆင့် ၀မ်းဗိုက်ပိုင်း ဆီးခုံစပ်နားမှာ ပြင်းထန် တဲ့ နာကျင်ခံစားမှုနဲ့ပတ်သက်ပြီးတော့ ဆရာဝန်တွေက အသေးစိတ်ရောဂါရှာဖွေခဲ့တာ ဖြစ်ပါတယ်။
ဒါကတော့ သူ့မှာအမျိုးသမီး အတွင်းကလီစာ အစိတ်အပိုင်းဖြစ်တဲ့ သားအိမ်နဲ့အမျိုး သမီး ခရိုမိုဇုန်းဆဲလ် ဖွဲ့စည်းမှုတွေ ပါလာတာကြောင့် အမျိုးသမီးတွေ ဓမ္မတာလာစဉ်နာ ကျင်ကိုက်ခဲတဲ့ ဝေဒနာမျိုးကို ခံစားနေ ရတာဖြစ်ပါတယ်။ ဆီးစပ်တွေနာကျင် ကိုက်ခဲတဲ့ အပြင် ဆီးသွားတဲ့အပေါက်ကနေမှ သွေးတွေပါလာတတ် တာကို တွေ့ရှိခဲ့တဲ့အတွက် ဒီလိုမျိုးမိန်းကလေး အင်္ဂါအစိတ်အပိုင်းကြောင့်ဖြစ်ရတယ်လို့ ဆေးစစ်ချက်အ တည်ပြုလိုက်တာဖြစ်ပါတယ်။
ချန်က သူ့မှာအခြားအမျိုးသားတွေနည်းတူ ယောင်္ကျားအင်္ဂါအပြည့်အစုံပါရှိတာ တဲ့အပြင် ဇနီးသည်ဖြစ်သူ နဲ့လည်း ကောင်းမွန်စွာအတူနေနိုင်တဲ့အတွက် ဒီလိုမျိုး အမျိုးသမီးကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေပါလာ တာကို ဘယ်တုန်းကမှလည်း သတိမထားမိခဲ့ပါဘူးလို့ ဆိုထားပါတယ်။
phothutaw

မှတ်ချက်များ