ဂျာမနီအသင်းကို မှော်ပညာဖြင့် တိုက်ခိုက်မည်ဟုဆို


ဇူလိုင် ၉ ရက်နေ့ ကစားမယ့် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ် ပွဲစဉ်မှာ ဂျာမနီအသင်းဟာ ဘရာဇီးနိုင်ငံရဲ့ ဆီလီကာ အိုလို့ခေါ်တဲ့ အောက်လမ်းမှော်ပညာနဲ့ တိုက်ခိုက်ခံရဖွယ် ရှိနေပါတယ်။

“ကျနော်တို့် ဘရာဇီးအသင်းဟာ ကြယ်ပွင့်ကစားသမားနေမာ မပါဘဲ ဘယ်လိုဟော်ရိုင် ဇွန်တဲမြို့မှာ ဂျာမနီ အသင်းကို ဧည့်ခံကစားရမှာပါ။ ဒါပေမယ့် ဘရာဇီးက ဗူးဒူးမှော်ဆရာတွေက ဂျာမနီ အသင်း ကို မှော်အ တတ်နဲ့ တိုက်ခိုက်သွားမှာပါ။ ကျနော့်ရဲ့ ဂါထာမန္တရားက ဂျိုးအာချင်လိုးရဲ့ အသင်းကို ဟန့်တား သွားမှာပါ။ သူတို့ရဲ့ ထိပ်တန်းကစားသမားတွေရဲ့ ခြေထောက်ကို လှုပ်လို့၊ ပြေးလို့မရအောင် လုပ်ထားပါ တယ်” လို့ ရီယိုဒီဂျနေရိုးမြို့က အောက်လမ်းဆရာ ဟီလီယိုဆီးလ်မန်းက ပြောပါတယ်။

ဂျာမနီအသင်းရဲ့ သောမတ်စ်မူလာ၊ မန်နျူရယ်နူအာနဲ့ မတ်စ်ဟမ်းမဲလ်တို့ကို ဗူးဒူးဆရာတွေက သတိပေး ထားပါတယ်။

DVB

မှတ်ချက်များ