အွန်လိုင်းပေါ်က သွေးထိုး လှုံ့ဆော်မှုများကြောင့် လှည်းကူးတွင် လုံခြုံရေး တိုးမြှင့်ထား


အွန်လိုင်း လူမှုကွန်ရက် စာမျက်နှာ များတွင် လှုံ့ဆော်မှုများကြောင့် လှည်းကူးမြို့နယ် အတွက် စိုးရိမ် ပူပန်မှု မရှိစေရန် လုံခြုံရေး တိုးမြှင့် ထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ မန္တလေးမြို့ ပဋိပက္ခတွင် ပါဝင် ပြဿနာရှာခဲ့ပြီး ရှောင်တိမ်းလာသည်ဟုယူဆရသော ဘာသာခြား အချို့လှည်းကူးမြို့သို့ ရောက် ရှိနေကြောင်း သွေးထိုး လှုံ့ဆော်မှုများ ပါဝင်သော ဖြန့်ဝေမှုများ လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိ သည်။

ကျွန်တော်တို့လည်း ဒီကိစ္စကို သတင်းရယူ စုံစမ်းနေ တာတော့ မထူးခြားသေးဘူး။ လုံခြုံရေး ကတော့ ပိုပြီး တိုးမြှင့်ထားတာပေါ့ ဟု ရန်ကုန်အနောက်ပိုင်း ခရိုင် ရဲတပ်ဖွဲ့ မှူး ဒုတိယ ရဲမှူးကြီးဝင်းကြည် က The Messenger Media သို့ပြောသည်။ လက်ရှိ အချိန်တွင် လှည်းကူး မြို့နယ်မှူး၊ စခန်းမှူးများ နှင့် ပါ တွေ့ဆုံ ဆွေးနွေးလျက်ရှိပြီး လုံခြုံရေး အနေအထားအရ ဒေသခံများ အနေဖြင့် စိတ်ပူရန် မရှိကြောင်း ၎င်း ကပြောသည်။

ယခင်က လှည်းကူး မြို့နယ်တွင် ပဋိပက္ခ ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည့် အတွက် တာဝန် ရှိသူများ ပဋိပက္ခ ဖြစ် စဉ်များ ဖြစ်မလာ စေရန် လုံခြုံရေး ပြည့်စုံစွာ စီစဉ် ထားပေးရန် ဒေသခံများက လိုလားနေကြောင်း သိရ သည်။ အခု Facebook တွေပေါ်မှာ အခုလို ဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး၊ ဒီအခြေအနေတွေကို ထိန်းညှိဆောင်ရွက်ဖို့ အဓိကအုပ်ချုပ်ရေးပိုင်းမှာ တာဝန်ရှိ နေပါတယ်။ ဒီတာဝန်ကိုတော့ကျေပွန်အောင် ထမ်းဆောင် ဖို့လိုနေပါတယ် ဟု လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း က The Messenger Media သို့ ပြောသည်။

ထို့အပြင် မန္တလေးမြို့၌ ပဋိပက္ခ ဖြစ်စဉ်များ ဖြစ်ပွားခဲ့သော အချိန်မှ စ၍ လှည်းကူး မြို့နယ် အုပ်ချုပ်ရေး အဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင် များအား ထူးခြား အခြေအနေများ ဖြစ်ပေါ်လာနိုင်သည့် အကြောင်းအနေဖြင့် သတိပေးထားခဲ့ကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။ ယခင်ကလည်း လှည်းကူး မြို့နယ်တွင် ပဋိပက္ခဖြစ် ပွားခဲ့သော အခြေအနေများရှိခဲ့ သောကြောင့် ဘာသာပေါင်းစုံငြိမ်းချမ်းရေး အဖွဲ့အစည်းများအနေဖြင့် အစည်းအဝေးခေါ် ယူကာ ပါဝင်ထိန်းသိမ်းရန် လိုအပ်နေကြောင်း ၎င်းကဆိုသည်။

The Messenger

မှတ်ချက်များ