မိသားစုတွက် တစ်ပြားမှမချန်ဘဲ ရှိသမျှအကုန်လှူလိုက်တဲ့ တရုတ်ဘီလျံနာ


တရုတ်နိုင်ငံက အိမ်ခြံမြေသူဌေးကြီးတစ်ဦးဟာ သူပိုင်ဆိုင်သမျှအားလုံးကို ဇနီးနဲ့သားသမီးများအ တွက်တောင် မချန်ဘဲ လှူဒါန်းခဲ့ပါတယ်။ ဗလာနတ္တိလံခြားသမားဘဝက စခဲ့ရပြီး ကိုယ်ထူကိုယ်ထ ချမ်းသာလာတဲ့သူဌေးကြီး Yu Pengnian ဟာ တရုတ်ပြည်မရဲ့ အချမ်းသာဆုံးသူဌေးတွေထဲက တစ်ယောက်ဖြစ်ပါတယ်။

ကုန်းကောက်စရာမရှိအောင် ဆင်းရဲတဲ့ဘဝကတက်လာတဲ့ လူတစ်ယောက်ဖြစ်ပေမဲ့ သူရဲ့ကြွယ်ဝမှုတွေကို မိသားစုအတွက် အနည်းငယ်တောင် မျှဝေပေးဖို့အစီအစဉ်မရှိပါဘူး။၈၈ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ Yu Pengnian က ဘာတစ်ပြားမှကို ပေးဖို့အစီအစဉ်မရှိတာပါ။

ဒီကိစ္စအတွက် Yu Pengnian က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး သူတို့တစ်ပြားမှ ရမှာမဟုတ်ဘူး လို့ ကြေငြာခဲ့ပါတယ်။သူ့မိသားစုအစား လွန်ခဲ့တဲ့ငါးနှစ်က သူတည်ထောင်ခဲ့တဲ့ ဖောင်ဒေးရှင်းတစ်ခုကို ပိုင်ဆိုင်သမျှ အကုန်ပေးမယ်လို့ဆိုပါတယ်။

ဒီဖောင်ဒေးရှင်းက ပညာသင်ဆုများပေးခြင်း၊ ငလျင်ဒဏ်ခံရသူများအတွက် ပြန်လည်တည်ထောင်ရေးများ လုပ်ခြင်းနဲ့ သူ့လို မျက်စိတိမ်ရောဂါ ရှိသူများကို ကုသပေးခြင်းများ ပြုလုပ်လျက်ရှိပါတယ်။ မိသားစုက သူ့ဆုံးဖြတ်ချက်ကို ထောက်ခံတယ်လို့ ပြောထားပေမဲ့ သူတို့မထောက်ခံလည်းသူက ပေးဖို့ဆုံးဖြတ်ထားပြီး သား လို့ဆိုပါတယ်။

“အခြားလူတွေ ဘယ်လိုထင်လဲ ကျွန်တော်ဂရုမစိုက်ဘူး။ ကျွန်တော့်ပိုက်ဆံတွေကို ပေးရတာ ကျွန်တော်ပျော်တယ်။ ကျွန်တော်က ဆင်းရဲခဲ့တာ”လို့ သူက ပြောကြားခဲ့ပါတယ်။

phothutaw

မှတ်ချက်များ