မြန်မာ့ဆက်သွယ်ရေးက ကျပ် ၁၅၀၀ တန် CDMA800(MEC) ဖုန်းကတ်များ ရောင်းချတော့မည် မဟုတ်ဘဲ GSM နှင့် WCDMA ဖုန်းကတ်များကိုသာ ရောင်းချမည်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လစဉ်ရောင်းချပေးလျက်ရှိသည့် တန်ဖိုးနည်း ကျပ် ၁၅ဝဝ တန် မိုဘိုင်းဖုန်း ကတ်များတွင် CDMA 800 MHz (MEC) မိုဘိုင်းဖုန်းကတ်များကို ရောင်းချတော့မည် မဟုတ်ဘဲ GSM နှင့် WCDMA မိုဘိုင်းဖုန်းကတ်များကိုသာ ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ သိရသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ၂ဝ၁၃ ခုနှစ် ဧပြီလမှ စတင်ကာ တန်ဖိုးနည်း ၁၅ဝဝ တန်မိုဘိုင်းဆင်း ကတ်များကို ရောင်းချခဲ့ပြီး ရောင်းချသည့်အချိန်တွင် CDMA 800MHz မိုဘိုင်းဖုန်းကတ်များကိုသာ ဦးစားပေးရောင်းချပေးခဲ့သည်။ ယင်းဖုန်းကတ်များမှ ရန်ကုန်တိုင်းဒေအတွင်း၌ လိုင်းဆွဲအားကောင်းမွန်ခြင်း မရှိသည့်အတွက် သုံးစွဲသူနည်းပါးပြီး ကြိုက်နှစ်သက်သူ နည်းပါးလာကြောင်း၊ ထို့ အတွက် ယခုလမှစတင်၍ GSM နှင့် WCDMA ဖုန်းကတ်များကိုသာ ရောင်းချတော့မည် ဖြစ်ကြောင်း သိရသည်။
ယခုအခါတွင် GSM နှင့် WCDMA မိုဘိုင်းဖုန်းကတ်များကိုသာ ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ် သည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် နောက်ပိုင်းတွင် ခွဲတမ်းစနစ်ဖြင့် ရောင်းချသည့်ပုံစံမှ လိုသလောက်ဝယ်ယူ နိုင်မည့်ပုံစံဖြင့် ရောင်းချပေးသွားနိုင်ရန်စီစဉ်လျက်ရှိကြောင်း သိရသည်။
ဇူလိုင်လ ရန်ကုန်တိုင်း ဒေသကြီးအတွက် ရရှိသည့် တန်ဖိုးနည်းမိုဘိုင်းဖုန်းကတ်မှာ GSM ဖုန်းကတ် ၆၃၄ဝဝ၊ WCDMA ဖုန်းကတ် ၆၆၆ဝဝ နှင့် ပင်စင်စားများအတွက် WCDMA ဖုန်းကတ် ၁၅ဝဝဝ ကိုခွဲတမ်းရရှိပြီး စုစုပေါင်းမိုဘိုင်းဖုန်းကတ် ၁၄၅ဝဝဝ ခွဲတမ်းရရှိကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တန်ဖိုးနည်းမိုဘိုင်းဖုန်းများ အပါအဝင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မိုဘိုင်းဖုန်းကတ် ၉ ဒသမ ၂၅ သန်းကျော်ကို ရောင်းချခဲ့ပြီးဖြစ်သော်လည်း အိမ်ထောင်စုတိုင်း ဖုန်းကိုင်ဆောင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
Eleven News

မှတ်ချက်များ