၂၀၁၄ခုနှစ်အစပိုင်းကတည်းက ပရိသတ်တွေကြား အကြောင်းအရာ တစ်မျိုးမဟုတ်တစ်မျိုးနဲ့ မရိုး ရအောင် နေရာယူထားတဲ့ Miley Cyrus က ခုတစ်ခါ လည်း တက်တူးအသစ်ထိုးပြီး လှုပ်လှုပ်ခတ် ခတ်ဖြစ်အောင် လုပ်လိုက်ပြန်ပါပြီ။ သေသေချာချာစီ စဉ်ပြုလုပ်ထားတဲ့ သူမရဲ့Holiday ဓါတ်ပုံမှတ်တမ်း အတွက် ကျေးဇူးတင်ရပါလိမ့်မယ်။ သူမဟာ ဇူလိုင်လ (၄) ကနေ ဒီမနက်အထိ instagram မှာ ဓာတ်ပုံ ၄၃ ပုံတင်ခဲ့ပါတယ်။
အဲ့ဒီပုံတွေကတော့ အ၀တ်အစားကို ကိုယ်တစ် ပိုင်းလောက်သာ ၀တ်ဆင်ထားတဲ့ စိတ်ဝင်စားစရာ မိန်းမချောလေးတွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့ ရောင် စုံမီးတွေနဲ့အတူ ဆူညံတဲ့ပါတီမြင်ကွင်းပုံတွေ၊ သူမရဲ့ခန္ဓာကိုယ်ပေါ်မှာ တက်တူးအသစ်ထပ်ထိုးနေတဲ့ selfie ပုံတွေ၊ တက်တူးအသစ်ကို အနီးကပ်ရိုက်ထားတဲ့ပုံတွေပါပဲ။ သူတို့ထိုးထားတဲ့ တက်တူးအသစ် ကတော့ သေသွားတဲ့ သူမရဲ့ ခွေး pooch Floyd နဲ့ ပတ်သက်ပြီး အောက်မေ့သတိရတဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ခွေးပုံကို With Alittle Help From My Fwends ဆိုတဲ့ စာတန်းနဲ့အတူ တက်တူးအသစ်ထပ်ထိုးလိုက်တာပဲ ဖြစ်ပါတယ်။
Victor. Paa Tung | Trend Myanmar

မှတ်ချက်များ