ခေါင်းအုံးအောက်ကနေ လောင်ကျွမ်းမှုဖြစ်လာတဲ့ Samsung Galaxy S4
Texas မှာနေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် ကလေးမလေးတစ်ဦး Ariel Tolfree ဟာ သူမညအိပ်ပျော်စဉ် မီးလောင်တဲ့ညှိစော်အနံ့ကြောင့် အိပ်ယာမှ နိုးလာပြီး ခေါင်းအုံးအောက်ကို ကြည့်လိုက်တော့ သူမရဲ့ Sumsung Galaxy S4 လောင်ကျွမ်းနေတာကို တွေ့ရှိခဲ့ပါတယ်။
Ariel Tolfree က “သမီးဘာမှ သိပ်ပြီးမစဉ်းစားပဲနဲ့ အိပ်ယာဝင်ခဲ့ပါတယ်။ သမီးအိပ်ယာကနဲ့ ပြန်နိုးလာတဲ့ အချိန်မှာ ဒီလိုဖြစ်သွားတာပါ” ဆိုပြီးတော့ ထွက်ဆိုခဲ့ပါတယ်။ သူမနဲ့ အဖေဖြစ်သူကတော့ ဖုန်း အပူများ လာခြင်းကြောင့် ဖြစ်လာတာဆိုပြီး ယုံကြည်ထားကြပေမယ့် ထည့်စဉ်းစားစရာအများကြီးပဲဖြစ်ပါ တယ်။ လောင်ကျွမ်းတဲ့ပုံစံကတော့ ဖုန်းတစ်ခုလုံးအရည်ပျော်သွားတယ်… အဖုံး၊ မှန်၊ အားလုံးပေါ့။ သူမရဲ့ အိပ်ယာခင်း ခေါင်းအုံးကအစ လောင်ကျွမ်းသွားတာပဲဖြစ်ပါတယ်။
ဒါပေမယ့် Sumsung Company ကတော့ သူတို့ကုန်ထုတ်ပစ္စည်းဟာ လုံခြုံတဲ့အကြောင်း အာမခံထားတာမို့ ဒီကလေးမလေးကိုပဲ အပြစ်တင်ရမလိုလိုဖြစ်လာပါတယ်။
ထို့ကြောင့် Sumsung Company က သူမရဲ့ လောင်ကျွမ်းသွားတဲ့ဖုန်းကို စစ်ဆေးဖို့ တောင်းဆိုထားပြီး ပျက်စီးသွားတဲ့ဖုန်းအစား အခြားဖုန်းတစ်လုံး၊ မွေ့ယာ၊ အိပ်ယာခင်းနဲ့ ခေါင်းအုံးတွေကို ပြန်အစား ထိုးပေးမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
Lily | Trend Myanmar


မှတ်ချက်များ