Samsung Galaxy S5 ကိုကျော်တက်ပြီး ဈေးကွက်ကို စိုးမိုးနေတဲ့ iPhone 5s


စမတ်ဖုန်းထုတ်လုပ်သူတွေအတွက်တော့ အရာရာဟာ မျှော်လင့်ထားသလိုဖြစ်မလာပါဘူး။ Samsung အတွက် Samsung Galaxy S5 ဟာ ၀င်ငွေရရှိတဲ့ အခွင့်အလမ်းကို ဖန်တီးပေးသူအဖြစ်ဖော်ပြခြင်းခံခဲ့ရပေမဲ့ iPhone 5s နဲ့ယှဉ်လိုက်ရင် S5 ရဲ့ရောင်းအားက ၂ မီလျံလျော့ပြီး iPhone 5s ရဲ့ နောက်ကနေလိုက်နေပါတယ် လို့ Counterpoint ရဲ့မကြာသေးမီက ထုတ်ပြန်ထားတဲ့ အစီရင်ခံစာအရ သိရှိရပါတယ်။ ကမာ့္ဘရောင်းအားမှာ iPhone 5s က Galaxy S5 ကို အနိုင်ရခဲ့ကြောင်းထင်ရှားစေပါတယ်။

ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ရဲ့ ၉၀ရာခိုင်နှုန်းနဲ့ အထက်ရှိတဲ့ အဓိက စမတ်ဖုန်းအသုံးပြုတဲ့ နိုင်ငံ ၃၅ နိုင်ငံမှာ အဲ့ဒီစစ်တမ်းကို ကောက်ယူထားတာဖြစ်ပါတယ်။ iPhone 5s အရေအတွက် ခုနှစ်မီလျံ ရောင်းချရပြီး Samsung Galaxy S5 အရေအတွက် ငါးသန်းရောင်းချခဲ့တယ်လို့ စစ်တမ်းက ဖော်ပြထားပါတယ်။

ဒီစစ်တမ်းကို ပိုမိုသိကျမှန်ကန်စေတဲ့အချက်က လက်လီရောင်းချသူတွေဆီ တင်ပို့ပေးလိုက်တဲ့ အရေအ တွက်မဟုတ်ဘဲ ဖောက်သည်ဝယ်ယူ အားပေးသူတွေဆီက ရောင်းချမှုကနေတဆင့် တွက်ချက်ထား တာကြောင့်ဖြစ်ပါတယ်။ Galaxy S5 ဟာ ရုတ်တရက်မြင့်တက်လာတဲ့ရောင်းအားကို ရရှိခံစားခဲ့ပြီး အဲဒီရောင်းအားဟာ အချိန်တိုအတွင်း လျော့ကျသွားခဲ့ပါတယ် လို့ စစ်တမ်းက ထောက်ပြခဲ့ပါတယ်။

S5 ကတော့ တိုးတက်မြဲ တိုးတက်နေတဲ့ iPhone s5 ရဲ့ လူကြိုက်များမှုကို ခုထိ အနိုင်ယူယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။ Appleဟာ သူ့ရဲ့ မျက်နှာပြင် ပိုမိုကြီးမားတဲ့ iPhone6 ကို ဒီနှစ်ကုန်ပိုင်း ထွက်ရှိနိုင်မယ်ဆိုရင် S5 အတွက် အခြေအနေ ပိုမိုဆိုးရွားသွားနိုင်ပါတယ်။

စိတ်ဝင်စားစရာတစ်ခုက Apple နှင့် Samsung တို့စိတ်ဝင်စားမှု အပြည့်အ၀ အပြိုင်အဆိုင်ရနေချိန်မှာ Xiaomi ကတော့ တတိယနေရာမှာ ရပ်တည်နေတဲ့ တစ်ခုတည်းသော brand အဖြစ် ရှိနေပါတယ်။

Trend Myanmar

မှတ်ချက်များ