“သင့်ကိုသင်အရင်ဆုံးချစ်ပါ” ဆိုပြီး အာရပ်ဘာသာစကားနဲ့ တက်တူးထိုးလိုက်တဲ့ Selena Gomez
Selena Gomez က သူမရဲ့လက်ယာဘက်ကျောမှာ တက်တူးအသစ်ထိုးလိုက်ပါပြီ။ အာရပ်ဘာသာစကား နဲ့ထိုးထားတာ ဖြစ်ပြီးတော့ Love yourself first ဆိုတဲ့ "သင့်ကိုသင်အရင်ဆုံးချစ်ပါ" လို့အဓိပ္ပာယ်ရပါတယ်။ တက်တူးဆရာBang Bang McCurdy ကိုယ်တိုင်ကပဲ Gomez ရဲ့ တက်တူးအသစ်ပုံကို သူ့ရဲ့Instagram မှာ တင်လိုက်ပါတယ်။
မထိုးခင် တစ်ပတ်မှာပဲ Gomezက အွန်လိုင်းရန်လိုတဲ့စကားကို ရင်ဆိုင်ခဲ့ရပါတယ်။ “မင်းကိုမင်း သတ်ပြီးတော့ ကင်ဆာရောဂါရှိတဲ့ အလောင်းကို ငရဲပြည်မှာ မီးရှို့ပစ်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ မင်းနှစ်သက်တဲ့အရာတွေဟာ မသပ်မရပ်နေတတ်တဲ့ မိန်းမတွေသုံးတဲ့ ရုပ်ဆိုးတဲ့ဟာတွေကြီးပဲ!” ဆိုပြီး comment စာတစ်စောင်ရရှိခဲ့ပါတယ်။
Gomez ရဲ့ တုံ့ပြန်ချက်ကတော့ “မင်းပို့ထားတဲ့ စာမှာပါတဲ့ ကင်ဆာအကြောင်းကတော့ မဖြစ်နိုင်တဲ့အရာပါ။ မင်းဟာတော်တော်နှစ်သက်စရာ မကောင်းတဲ့မိန်းကလေးငယ်ပဲ။ ငါ့ပရိသတ်တွေ၊ မိသားစုဝင်တွေနဲ့ပါ အဲကိစ္စနဲ့ ရန်ဖြစ်ခဲ့ပြီးပြီ။
မင်း လူတစ်စုံတစ်ယောက်ကို နှစ်သက်မှုမရှိပဲနေနိုင်တယ်။ ဒါပေမယ့် မင်း နဲ့ မင်းရဲ့မိသားစုထံ ကျရောက်စေနိုင်တဲ့ တစ်ခုခုဆုတောင်းခြင်းမျိုးကိုတော့ ချစ်ညီမလေးအတွက်တော့ မတောင်းပေးတော့ဘူး။ ဘုရားသခင်က ချစ်ခြင်းမေတ္တာကို ကောင်းကြီးပေးတယ်။ ကောင်းမြတ်တဲ့မိန်းကလေးဖြစ်ပါစေ။ နင်ဟာ လှပါတယ်။” ဆိုပြီးတော့ ပြန်ပို့လိုက်ပါတယ်။
Lily | Trend Myanmar

မှတ်ချက်များ