Amazonနဲ့ Google ဟာ နေ့တွင်းချင်း ပို့ဆောင်ရေးမှာ အပြိုင်အဆိုင်ချဲ့ထွင်
နေ့တွင်းချင်း ပို့ဆောင်ရေး စစ်ပွဲတွေဟာ အရှိန်ပြင်းလာတဲ့အလျှောက် Amazon က နေရာအသစ်တွေကို ထပ်မံ ဖြည့်စွက်ပေးသလို Google ကလည်း “ကျောင်းပြန်ဖွင့်ချိန်” ဈေးဝယ်ခြင်း အတွက် အချိန်မီ Barnes & Noble စာအုပ်ကုမ္မဏီ နဲ့ ကမ်းလှမ်းခဲ့ပါတယ်။
Amazonနဲ့ Google ဟာ စာအုပ်များနဲ့ အခြားကျောင်းသုံးပစ္စည်းတွေကို တင်ပို့ရောင်းချဖို့ အဆင် သင့်ဖြစ်နေပါပြီ။ Amazon ရဲ့ နေ့တွင်းချင်း ပို့ဆောင်ရေးဟာ ယခုအခါမှာ ၁၃ မက်ထရို ဧရိယာ အထိချဲ့ ထွင်ထားပြီး Google နဲ့ ပါတနာတွေဖြစ်တဲ့ Barnes & Noble ဟာလည်း Google Shopping Express မှတစ် ဆင့် စာအုပ်တွေ ရောင်းချနေပါပြီ။ ဒါပေမယ့်လည်း Amazon နဲ့ Google သာ ချက်ချင်း ၀န်ဆောင်မှုပေးနိုင် စွမ်းကို ပိုင်ဆိုင်ထားတာမဟုတ်ပဲ အခြား online ဈေးဝယ်ဋ္ဌာန တွေဖြစ်တဲ့ eBay, Walmart နဲ့ Target တို့က လည်း နေ့တွင်းချင်း ပို့ဆောင်ရေးကို လုပ်ဆောင် နေကြပါတယ်။
Mario | Trend Myanmar

မှတ်ချက်များ