အသုံးများသော ပိုးသတ်ဆေး (Antibiotic) နှင့် နှလုံးရောဂါကြောင့် သေဆုံးမှု ဆက်စပ်နေ
လူသုံးများသော ပိုးသတ်ဆေး (Antibiotic) တစ်မျိုးနှင့် နှလုံး ရောဂါကြောင့် သေဆုံးမှု အန္တရာယ်ကြား သိ သာထင်ရှားသည့် ဆက် စပ်မှုရှိနေသည်ကို တွေ့ရှိရသည်ဟု ဒိန်းမတ်နိုင်ငံမှ သုတေသီများက ပြောကြား သည်။ လေ့လာသူများကမူ သုတေသန ရလဒ်များကို နား လည်မှုဖလှယ်ရာတွင် သတိထားရန် ပြော ကြားကြသည်။
Penicillin V ဆေးဝါးသုံးစွဲမှုနှင့် နှိုင်းယှဉ်ကြည့်ပါက Clari-thromycin ဆေးဝါးကို အသုံးပြုခြင်းမှာ နှလုံးရော ဂါကြောင့် သေဆုံးမှု အန္တရာယ်ကို ၇၆ ရာခိုင်နှုန်းမြင့်တက်လာစေသည်ဟု သုတေသန စာတမ်းတွင် ဖော်ပြ သည်။ ယခုလေ့လာမှုကို ဗြိတိသျှ ဆေးပညာ ဂျာနယ် (BMJ) တွင် ဖော်ပြထားသည်။
Clarithromycin ဆေးဝါးဖြင့် ကုသမှု လူဦးရေတစ်သန်းတွင် နှလုံးရောဂါကြောင့်သေဆုံးနိုင်သူ ၃၇ ဦးရှိနိုင် သည်ဟု ကိုပင်ဟေဂင်မြို့ စတက်ဆင်စီရယ်အင်စတီကျုဒ် ကူးစက်ရောဂါဌာနမှ သုတေသီသုံးဦးက ပြော သည်။ ကုသမှုကို ရပ်ဆိုင်းလိုက်ပါက အန္တရာယ်မရှိတော့ဟု ၎င်းတို့က ဆက်လက်ပြောသည်။
Clarithromycin ဆေးဝါးကို နှစ်စဉ် လူသန်းပေါင်းများစွာအားပေးလေ့ရှိပြီး အဆုတ်လေပြွန်ရောင်ရမ်းခြင်း၊ အအေးမိဖျားနာခြင်းနှင့် အချို့သော အရေးပြား ရောဂါများကို ကုသရာ၌ အသုံးပြုသည်။ ဒိန်းမတ်သုတေ သီများသည် ယခုသုတေသနအတွက် ၁၉၉၇နှင့် ၂၀၁၁ ခုနှစ် ကြား အသက် (၄၀)နှင့် (၇၄) နှစ်ကြား ဒိန်း မတ်နိုင်ငံသားများအား antibiotic ဆေးဝါးများဖြင့် ကုသမှုအကြိမ် ငါးသန်း၏ အချက်အလက်များကို ခွဲခြမ်း စိတ်ဖြာလေ့လာခဲ့ကြသည်။
၎င်းတို့အနက် Penicillin V ဖြင့် ကုသမှု အကြိမ်ရေ ၄ ဒသမ ၄ သန်း၊ roxithromycin ဖြင့် ကုသမှု ၅၉၀,၀၀၀ ရှိပြီး clarith-romycin ဖြင့် ကုသမှု ၁၆၀,၀၀၀ ရှိသည်။
ထိုအထဲတွင်မှ Clarithromycin ဆေးဝါးဖြင့်ကုသမှု ခံယူသူ များတွင် အသက်ဆုံးရှုံးနိုင်သော နှလုံးခုန်နှုန်းမ မှန်သည့် ပြဿနာများ တိုးတက်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
7day

မှတ်ချက်များ