တူးဖော်ရှာဖွေပေးရန်သာဖြစ်ပြီး နောက်ပိုင်းကိစ္စများမှာ နိုင်ငံတော်နှင့်သာ သက်ဆိုင်သည်ဟု ဆို
ဓမ္မစေတီခေါင်းလောင်းကြီးအား လက်ရှိတူးဖော်ရှာဖွေနေသည့်အဖွဲ့မှာ ခေါင်းလောင်းကြီး တည်ရှိ ရာနေရာအား တူးဖော်ရှာဖွေပေးရန်သာဖြစ်ပြီး နောက်ပိုင်းကိစ္စများမှာ နိုင်ငံတော်နှင့်သာ သက်ဆိုင်ကြောင်း အဆိုပါခေါင်းလောင်းဆယ်ယူရေးအဖွဲ့မှ အဓိကတာဝန်ရှိသူတစ်ဦးက ဩဂုတ် ၂၁ ရက် နံနက်ပိုင်း တွင် ပြော ကားသည်။
“ခေါင်းလောင်းကြီး တူးဖော်ရှာဖွေရတဲ့ ရည်ရွယ်ချက်ကတော့ အဲဒီခေါင်းလောင်းကြီးကို အရင်ကထားရှိခဲ့ တဲ့ ရွှေတိဂုံဘုရားပေါ်မှာ ထားရှိစေချင်တဲ့အတွက်ပါ။ ကျွန်တော်တို့အဖွဲ့က ခေါင်းလောင်းကြီးတည်ရှိတဲ့နေ ရာကို ရှာဖွေပေးဖို့သာဖြစ်တယ်။ တည်ရှိတဲ့နေရာကိုတွေ့ရင်တော့ နိုင်ငံတော်တာဝန်ရှိတဲ့သူတွေကို တင်ပြမယ်။ နောက်ပိုင်းကိစ္စတွေကတော့ နိုင်ငံတော်နဲ့ပဲ သက်ဆိုင်ပါတယ်”ဟု ၎င်းက ပြောကြားသည်။
ဩဂုတ် ၁၈ ရက် မွန်းလွဲပိုင်းမှစတင်ကာ ယင်းခေါင်းလောင်းကြီး ရှိနိုင်သည်ဟုယူဆရသည့်နေရာ ကို သောင်တူးစက်ဖြင့် စတင်တူးဖော်ရှာဖွေနေခြင်းဖြစ်ပြီး တူးဖော်နေစဉ် သောင်တူးစက်မှာ ချွတ်ယွင်း သွားခဲ့သည်အတွက် တူးဖော်မှုလုပ်ငန်းအား တစ်ရက်ရပ်နားကာ တရုတ်နိုင်ငံစက်ပြင်ပညာရှင်များနှင့် ပြန် လည်ပြုပြင်ခဲ့ရကြောင်း သိရသည်။
“မနေ့က ပြုပြင်ပြီးစီးခဲ့ပြီးတော့ မနေ့က ညနေပိုင်းမှာလည်း နာရီပိုင်းလောက် တူးဖော်ရှာဖွေခဲ့ပါသေးတယ်။ ဒီနေ့မှာလည်း ဒီရေကျတဲ့အချိန်ကိုရွေးပြီး ခေါင်းလောင်းကြီးကို တူးဖော်ရှာဖွေသွားမှာပါ”ဟု ၎င်းက ဆက် လက်ပြောကြားသည်။
မင်းသိန်းနိုင် | EMG

မှတ်ချက်များ