ကြည့်မြင်တိုင်မြို့နယ်၌ တိုက်ဟောင်း၏၀ရန်တာပြိုကျသဖြင့် (၁)ဦးသေ၊ (၄)ဦးဒဏ်ရာရ
၃၁.၇.၂၀၁၄ ရက်နေ့ ၁၉၃၀ အချိန်ခန့်တွင် ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်းတောင်/ အနောက်ရပ် ကွက်၊ ရွှေလှိုင်လမ်း၊ အမှတ်(၄၃)ရှိ နှစ်ထပ်တိုက်ဟောင်း၏ အပေါ်ထပ်ဝရန်တာ ပြိုကျမှုဖြစ်ပွားခဲ့ပါသည်။
ထိုသို့ဝရန်တာပြိုကျမှုကြောင့် ကြည့်မြင်တိုင်မြို့နယ်နေ ဆိုက္ကားနင်းသူ ကိုတင်ကို၊ (၃၀)နှစ်မှာ ၀ဲ/ယာပေါင် ဖူးရောင် မေးစေ့ပွန်း၊ ယာကျောပွန်း၊ ရင်ဘတ်ဖူးရောင်၊ ၀ဲလက်ခုံစုတ်ပြဲဒဏ်ရာ များရရှိကာ သေဆုံးသွား ခဲ့ပြီး အောက်တွင်ဈေးရောင်းနေသော လှိုင်သာယာမြို့နယ်နေ မဝေေ၀မြင့်၊ (၃၈)နှစ်တွင် ထိခိုက်ဒဏ်ရာ များရရှိခဲ့သဖြင့် ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးတွင် မစိုးရိမ်ရလူနာအဖြစ် ဆေးကုသမှု ခံယူလျက်ရှိကာ ကြည့်မြင်တိုင်မြို့နယ်နေ ဒေါ်သန်းသန်းဆွေ၊ (၄၇)နှစ်တွင်နာကျင်ဒဏ်ရာများရရှိခဲ့သဖြင့် မစိုးရိမ်ရလူ နာအဖြစ်လည်းကောင်း၊ အလုံမြို့နယ်နေ မသန်းသန်းစိုး၊ (၃၅)နှစ်နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်နေ မစန်းစန်းနွယ်၊(၄၄)နှစ်တို့မှာ ပေါက်ပြဲဒဏ်ရာများရရှိခဲ့သဖြင့် စိုးရိမ်ရလူနာများအဖြစ်
လည်းကောင်း ရန် ကုန်ဆေး ရုံကြီးတွင် အသီးသီးဆေးကုသမှုခံယူလျက်ရှိပါသည်။
အခင်းဖြစ်နေရာသို့ တာဝန်ရှိသူများရောက်ရှိစစ်ဆေးခဲ့ကာ ဒဏ်ရာရရှိသူများကိုဆေးရုံများသို့ပို့အပ်ကု သပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Yangon Police





မှတ်ချက်များ