အစ္စရေးသူလျှိုဟူသော စွပ်စွဲချက်ဖြင့် တစ်နေ့တည်းတွင် ပါလက်စတိုင်း (၁၈)ဦးကို ဟားမားစ်အဖွဲ့ သတ်ဖြတ်


အစ္စရေးကို လျှို့ဝှက် သတင်းပေးနေသည်ဟု စွပ်စွဲပြီး ဂါဇာဒေသရှိ ပါလက်စတိုင်း (၁၈)ဦးကို ဟားမားစ် စစ်သွေးကြွတို့က ပစ်သတ်ခဲ့ကြောင်း သတင်းရရှိသည်။

ဩဂုတ်(၂၂)ရက်က ဂါဇာစီးတီး မြို့လယ်တွင် သူလျှိုမှုဖြင့် စွပ်စွဲခံရသူများကို ဟားမားစ်တို့က သုတ်သင်ခဲ့
ခြင်း ဟု ဆိုသည်။ အစ္စရေးက ဂါဇာကို ထိုးစစ်ဆင်ကာ ဟားမားစ်တို့နှင့် ဆင်နွှဲနေသည့် တိုက်ပွဲသည် ယခု အခါ (၄၅)ရက်ထိ ကြာမြင့်လာပြီ ဖြစ်သော်လည်း အပစ်အခတ် ရပ်စဲရေး မျှော်လင့်ချက်မှာ နည်းပါးနေ ဆဲ ဖြစ်သည်။

ပါလက်စတိုင်း အရေးပေါ် လူနာတင်ယာဉ် ဝန်ဆောင်မှု ဌာနက ဩဂုတ် (၁၉)ရက်၊ တိုက်ပွဲများ တစ်ကျော့
ပြန် စတင်ချိန်မှစပြီး အနည်းဆုံး လူ(၇၆)ဦး သေဆုံးခဲ့ကြောင်း ကြေညာသည်။ ယခုအခါ အစ္စရေးနှင့် ဟားမားစ်တို့၏ စစ်ပွဲအတွင်း ဂါဇာ၌ သေဆုံးသူ ပါလက်စတိုင်း အရေအတွက် (၂၀၀၀)ကျော်သွားပြီ ဖြစ် သည်။

ဟားမားစ်တို့သည် အစ္စရေး၏ လေကြောင်းထိုးစစ်အတွက် သတင်းအချက်အလက် ပေးပို့သည်ဟု စွပ်စွဲ ခံရသည့် ပါလက်စတိုင်း (၁၈)ဦးကို နေရာ(၃)ခုတွင် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဩဂုတ်(၂၂)ရက် နေ့လယ်ပိုင်းက ဟားမားစ် လက်နက်ကိုင်များသည် ဗလီတစ်ခုအနီး၌ ဝတ်ပြုရန် သွားရောက်နေသူ ရာဂဏန်းမျှအနက် လူ(၆)ဦးအား ဆွဲထုတ်ကာ အစ္စရေး သူလျှိုများဟု စွပ်စွဲ ဖမ်းဆီး ခဲ့သည်။ ၎င်းတို့ကို မြေပြင်ပေါ် လှဲလျောင်းနေစေပြီးနောက် မျက်နှာဖုံးဝတ် ဟားမတ်စ် စစ်သွေးကြွ တစ်ဦးက “ဇီယွန်နစ် (ဂျူး) ဝါဒီ ရန်သူတွေနဲ့ ပူးပေါင်းတဲ့ ကောင်တွေအတွက် နောက်ဆုံးအချိန်ပဲကွ”ဟု အော်ဟစ် ကာ သေနတ်ဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း မျက်မြင်တစ်ဦးက AFP သို့ ပြောကြားခဲ့သည်။

ထိုနေ့နံနက် အစောပိုင်းကလည်း ဂါဇာစီးတီး ရဲတပ်ဖွဲ့ ဌာနချုပ် အနီးတွင် လူ(၁၁)ဦးကို ဟားမားစ်တို့က အ လားတူ စွပ်စွဲ၍ သတ်ဖြတ်ခဲ့ကြောင်း မျက်မြင်အချို့က ဆိုသည်။ (၁၈)ဦးမြောက် သတ်ဖြတ်ခံရသူမှာလည်း အဆိုပါ နေရာအနီးတွင်ပင် လူအများရှေ့၌ သေနတ်ဖြင့် အပစ်ခံခဲ့ရကြောင်း သိရသည်။

အစ္စရေးဘက်သို့ ဟားမားစ်တို့က ဒုံးကျည်များဖြင့် ဆက်လက် ပစ်ခတ်နေသည့်နောက် အစ္စရေး လေတပ် ကလည်း အပြင်းအထန် တုံ့ပြန်ခဲ့ပြီး ဩဂုတ် (၂၂)ရက်တွင် ဂါဇာရှိ စစ်သွေးကြွတို့၏ ပစ်မှတ်နေရာ (၃၀)ကို ဗုံးကြဲခဲ့ကြောင်း အစ္စရေးစစ်ဘက်က ကြေညာခဲ့သည်။

7day

မှတ်ချက်များ