အင်တာနက်မြန်နှုန်းမြှင့်ရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆွေးနွေးနေ

အင်တာနက်မြန်နှုန်းတိုး မြှင့်ပေးနိုင်ရန် နိုင်ငံတကာ ပင် လယ်ရေအောက်ကေဘယ်ဆက် ကြောင်း SMW -5 မှတစ်ဆင့် ဘန်ဝှစ်ပမာဏ 300GB ခန့်အ ထိ တိုးချဲ့သွားရန် နိုင်ငံတကာအ ဖွဲ့အစည်းများနှင့်
ဆွေးနွေးမှု များ ပြုလုပ်နေကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း၊ ပြည်ပဆက် သွယ်ရေးစခန်းမှ သ တင်းရရှိ သည်။

‘‘SMW-5 ကနေ လက်ရှိ အသုံးပြုနေတဲ့ ဘန်ဝှစ် ပမာဏ ထက် အဆပေါင်းများစွာ တိုးချဲ့ သွားဖို့စီစဉ် ထား တယ်။

300BGB လောက်ထိကို တိုးချဲ့နိုင်ဖို့ ဆွေး နွေးနေတယ်။ အဲဒီထက်လည်း ပိုရချင်ရနိုင်တယ်’’ ဟု ပြည်ပ ဆက် သွယ်ရေးစခန်းမှ လက် ထောက်အင်ဂျင်နီယာ ဦးဇော်ဌေး ကပြောသည်။

SMW-5 ပင်လယ်ရေ အောက်ကေဘယ်ဆက်ကြောင်း ကို ငွေဆောင်မှတစ်ဆင့်ချိတ် ဆက်သွားမည်ဖြစ်ပြီး အဆင် သင့်ချိတ်ဆက်နိုင်ရန် ပြည်တွင်း ၌ ဖိုက်ဘာဆက်ကြောင်း တစ်ခု ပြေးဆွဲထားပြီးဖြစ်သည်။

‘‘ပြည်တွင်းကနေ အဆင် သင့်ချိတ်ဆက်နိုင်ဖို့အတွက်ကို တော့ လုပ်ပြီးသွားပြီ။ နိုင်ငံတ ကာအဖွဲ့အ စည်းတွေနဲ့ ဆွေးနွေးမှုလုပ်ပြီးသွားတာနဲ့ တစ်ခါတည်း ချိတ်ဆက်သွားမှာပါ’’ဟု ဦးဇော် ဌေးကပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းအနေဖြင့် လက်ရှိတွင် နိုင်ငံ တစ်ဝန်း၌ ကုန်းတွင်းဖြတ်ကျော် ဖိုက်ဘာ ဆက်ကြောင်းနှစ်ခုနှင့် ပင်လယ်ရေအောက်ဖိုက်ဘာ ဆက်ကြောင်း SMW-3 တို့မှ အင်တာနက်ဘန် ၀ှစ်ပ မာဏ 27 GB ကို ချိတ်ဆက်ထားပြီး 16 GB ခန့်ကိုသာ အသုံးပြုနိုင်သေး ကြောင်း သိရသည်။

ထို့အပြင်အင်တာနက်မြန် နှုန်းတိုးမြှင့်ရန်အတွက် ထိုင်းနိုင်ငံ နှင့် တရုတ်နိုင်ငံတို့မှ ဖိုက်ဘာ ဆက်ကြောင်း
နှစ်ခုဖြင့် အင်တာ နက် ဘန်ဝှစ် 20GB ကို ထပ်မံတိုး ချဲ့ရန် ဆောင်ရွက်လျက်ရှိသည်။

7Day

မှတ်ချက်များ