၂၀၁၄ ဘရုနိုင်း ဘုရင့်ဖလား ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ မြန်မာဗိုလ်စွဲ

၂၀၁၄ ဘရုနိုင်း ဘုရင့်ဖလား ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ မြန်မာယူ ၁၉ ဘောလုံးအသင်းက ဗီယက် နမ်ယူ ၁၉ အသင်းကို ၄ ဂိုး ၃ဂိုးနဲ့ နိုင်ပြီး ပထမ ဆုံးအ ကြိမ်အဖြစ် ချန်ပီယံဆုကို ဆွတ်ခူးသွားပါတယ်။

သြဂတ် ၂၃ ရက်နေ့ညက ယှဉ်ပြိုင်တဲ့ ဗိုလ်လုပွဲမှာ မြန် မာအသင်းအတွက် အနိုင်ဂိုးတွေကို ကျေနံပါတ် ၂၃၊ မျိုး ကိုထွန်းက ၂ ဂိုး၊ ကျောနံပါတ် ၈ မောင်မောင်စိုးက ၁ဂိုး နဲ့ ကျောနံပါတ် ၉ အောင်သူက ၁ ဂိုး သွင်းယူပါတယ်။

နှစ်သင်းစလုံး ခြေညီတဲ့အပြင် အပြန်အလှန် သွင်းဂိုးတွေများတဲ့အတွက် အကြိတ်အနယ်နဲ့ ပွဲကောင်းတ ပွဲလည်း ဖြစ်ခဲ့ပါတယ်။ မြန်မာလူငယ်အသင်းဟာ ဘရုနိုင်းပြိုင်ပွဲမှာ ၂၀၀၅နဲ့ ၂၀၀၇ မှာ ဒုတိယ ရခဲ့ဖူးပြီး ၂၀၀၂နဲ့ ၂၀၁၂ မှာ ပူးတွဲ တတိယနေရာကို ရရှိခဲ့ပါတယ်။

မြန်မာယူ ၁၉ အသင်းဟာ လာမယ့် စက်တင်ဘာလ ဗီယမ်နမ်နိုင်ငံမှာ ပြုလုပ်မယ့် အာစီယံ ချန်ပီယံရှစ်ယူ ၁၉ ပြိုင်ပွဲနဲ့ အောက်တိုဘာလ မြန်မာက အိမ်ရှင်လုပ်မယ့် အာရှ ချန်ပီယံရှစ် ယူ ၁၉ ပြိုင်ပွဲတွေကို ဆက် တိုက်ယှဉ်ပြိုင်သွားမှာပါ။

မြန်မာယူ ၁၉ အသင်းဟာ ဒီကနေ့ သြဂုတ်လ ၂၄ ရက်နေ့ ညနေ ၄ နာရီမှာ ရန်ကုန်မြို့ကို ပြန်လည် ရောက် ရှိလာမှာ ဖြစ်ပြီး အောင်ပွဲရ လူငယ်အသင်းကို ပရိတ်သတ်တွေ စောင့်ကြို အားပေးဖို့ ဘောလုံးအဖွဲ့ချုပ်က တိုက်တွန်းထားပါတယ်။

DVB

မှတ်ချက်များ