မြို့တွင်းရှိမြေကွက်နှင့်တိုက်ခန်းများ ဈေးလျှော့ရောင်းချခြင်းများရှိလာ


ယခုလကုန်ပိုင်း မြို့တွင်းအိမ်၊ ခြံ၊ မြေဈေးကွက်တွင် မြေကွက်နှင့် တိုက်ခန်း အရောင်းအဝယ်များ ကျ ဆင်း လာခြင်း ကြောင့် မူလကသတ် မှတ်ထားသည့် ဈေးနှုန်း များအောက် လျှော့ချရောင်းချ မှုများ ရှိလာကြောင်း အိမ်၊ခြံ၊မြေ အကျိုးဆောင်တချို့ထံ မှသိရသည်။

အိမ်၊ခြံ၊မြေဈေးကွက် ရှိမြေကွက်နှင့် တိုက်ခန်းရောင်းချမှု များတွင် အရောင်းအဝယ် မြင့်တက် ခဲ့သည့်ယ မန်နှစ်ကာလက မြို့တွင်း ရှိလမ်းမမျက်နှာစာတန်းရှိ ပေ (၄ဝx၁ဝဝ) ရှိသောမြေကွက်များ၊ ဆင်ခြေဖုံးရပ် ကွက်များအတွင်းရှိ ပေ(၃၅x၈ဝ) ရှိသောမြေကွက်များ အပါအဝင်ပေ (၁၅x၆ဝ)ရှိမြေညီ ထပ်နှင့် တတိယအ လွှာတိုက်ခန်းများ အနေဖြင့်ယခုလကုန်ပိုင်း၌အရောင်း အဝယ်ကျဆင်း လာသောကြောင့် ရောင်းသူနှင့် ဝယ် ယူကြားယခင်က ဈေးနှုန်းအောက်ဈေးလျှော့၍ညှိနှိုင်း ရောင်းချမှုများ ရှိနေကြောင်း အိမ်၊ ခြံ၊မြေအ ကျိုးဆောင် ကိုမောင်မောင် လတ်က ပြောသည်။

''အရင်က အရောင်းအဝယ် ကောင်းခဲ့တဲ့ မြေကွက်နဲ့တိုက်ခန်း အများစုက အခုလကုန်ပိုင်းမှာ အရောင်းအ ဝယ် ကျလာတဲ့အတွက် ရောင်းမယ့်သူတွေက ပွဲစားတွေနဲ့ညှိ ပြီး ဈေးပြောင်းခေါ်တာမျိုးတွေရှိ လာသလို တချို့ရောင်းသူနဲ့ဝယ်သူ ကြားမှာ ညှိနှိုင်းဈေးနဲ့ အရောင်း အဝယ်တွေရှိလာပါတယ်''ဟု အိမ်၊ခြံ၊မြေအကျိုးေ ဆာင် တစ်ဦးက ပြောသည်။

မြို့တွင်းမျက်နှာစာတန်း များရှိပေ(၄ဝx၁ဝဝ) ရှိသော မြေ ကွက်တချို့မှာ ယမန်နှစ်က ရောင်း ဈေးကျပ်သိန်း ၈ဝဝဝ ဝန်းကျင်ရှိခဲ့ သော်လည်းယခုအချိန်တွင် ဝယ်ယူ မည့်သူနည်းပါးလာသောကြောင့် အရောင်းအဝယ် ကဏ္ဍတွင် ယခင် ကကျပ် သိန်း၁ဝဝဝ ဝန်းကျင်ဈေး ရှိခဲ့သော မြေညီထပ်တိုက်ခန်းများ မှာလည်း ကျပ်သိန်း ၈၅ဝအထိ ဈေးလျှော့ရောင်းချရန်ရှိနေကြောင်း သိရသည်။

မင်းလွင်သစ် | The Union Daily

မှတ်ချက်များ