ကွန်ပျူတာUPSမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်

၂၄.၈.၂၀၁၄ ရက်နေ့ ၀၄၀၀ အချိန်တွင် တာမွေမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်၊ ၁၃၉ လမ်းရှိ မိတ္တူနှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင်တွင် မီးလောင် မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေး ခဲ့ပါသည်။

ထိုသို့သွားရောက်စစ်ဆေးခဲ့ရာ၂၃.၈.၂၀၁၄ရက်နေ့ ၂၁၃၀အ ချိန်ခန့်တွင် ၎င်းဆိုင်ပိုင်ရှင်ဒဂုံမြို့နယ်နေ ဦးစိန်ရန်(၅၃)နှစ် သည်ဆိုင်ကို ပိတ်ထားခဲ့ပြီး နေအိမ်သို့ပြန် သွားခဲ့ကြောင်း၊ ၂၄.၈.၂၀၁၄ရက်နေ့ ၀၃၅၅ အချိန်၌ ဆိုင်ရှိကွန်ပျူတာတွင်အ သုံးပြုသော UPSမှ အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့
ခြင်းဖြစ်ပြီး မီးသတ်ယာဉ် (၁၅)စီးရောက်ရှိငြှိမ်းသတ်ခဲ့သဖြင့် ၀၄၂၀ အချိန်မီးငြိမ်းသွားခဲ့ပါသည်။

မီးလောင်မှုကြောင့်ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများမီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်းသိရှိရပါသည်။

ယင်းသို့မီးပေါ့ဆစွာအသုံးပြုသူ ဦးစိန်ရန်အားတာမွေမြို့မရဲစခန်း(ပ)၄၈၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှု ဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်များ