အပေါ်စီးမှာ နေရာယူချင်တဲ့ အကျင့်


မြန်မာစကားတွင် ‘‘ရှေ့ဆောင် နွားလား ဖြောင့်ဖြောင့်သွားကနောက် နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်၏’’ ဆိုသည့်စကား။ ‘‘အတုမြင် အတတ်သင်’’ ဆိုသည့် စကား။ ‘‘တံငါနားနီးတံငါ’’ဆိုသည့် စကားတွေ ရှိကြ သည်။ အဓိပ္ပာယ်ချင်းကတော့ ဆင်တူယိုးမှား သိပ်မကွာလှ။ အဓိပ္ပာယ်ချင်းတွေကို မျှတအောင် ပေါင်းလုပ် လျှင်တော့ အတုမြင်အတတ်သင်ဆိုသည့် စကားတွင် အတူလာ၍ ညီလိမ့်မည်ထင်သည်။ တစ် ဦးလုပ်သည် ကို တစ်ယောက်က ဟုတ်နိုးဖြင့် လိုက်အတုယူတာမျိုး ဖြစ်၏။

သည်နှယ် အတုယူကြရာ တွင် ကြီးသူ၏ဟန်ကို ငယ်သူက အတုယူတာမျိုး။ ထင်ပေါ်ကျော် ကြားသူတို့၏ နေထိုင်လုပ်ကိုင်ပုံ စတိုင်ကို သာမန်လူက လိုက်အ တု ယူတာမျိုးတွေက ပိုများတတ် လေသည်။

မကြာသေးခင်က သတင်း စာထဲတွင် ဓာတ်ပုံနှင့်တကွ သ တင်းတစ်ပုဒ် ဖတ်လိုက်ရသည်။ စာသင်ကျောင်း တစ်ကျောင်းတွင် ကျောင်းအုပ်ဆရာမကြီးက သူ့လက်ထောက်ဆရာမတွေကို အဂါရ၀ဖြင့် ဆက်ဆံသည်တဲ့။ ရုန့်ရင်းကြမ်းတမ်းသည့် နင်ပဲငဆစကားလုံးတွေနှင့် အော်ငေါက်ပြောဆိုသည့်အပြင် စိတ်မထင်လျှင် အနား တွင်ရှိသောအရာတစ်ခုခုဖြင့် ပစ်ပေါက်တတ်သည်တဲ့။ 

အစည်းအဝေးလုပ်လျှင်လည်း ကျန်လူတွေက ကြမ်းပေါ်တွင် ထိုင်ရလျက် အဲ့သည် ဆရာမကြီးတစ်ဦးပဲ ခုံနှင့် ထိုင်သည်တဲ့။ ဆိုတော့ သြော် … ဖြစ်မှ ဖြစ်ရပလေတယ် ဒီဆရာမကြီးနှယ်၊ ဘယ်ကများ အတုမြင် အတတ် သင်လုပ်လာ ခဲ့ပြီး အာဏာရှင်ကျင့် အာဏာ ရှင်ကြံတွေ ရလာခဲ့တာများပါ လိမ့်ဟု ကရုဏာတွေး တွေး လိုက် မိသေးသည်။

သည်နှယ် တွေးလိုက်မိ သည်နှင့်ပင် မဆီလေးရယ်မှ အို မဆိုင်လို့ပဲ ပြောပြော ဟိုအတိတ် လက်မတင်လေး တုန်းကမှ တိုင်း ပြည်အုပ်ချုပ် မင်းလုပ်သွားခဲ့ သည့် ဘ၀ရှင်မင်းတရားကြီးအ ကြောင်း သတိရလိုက်မိသည်။

သူ့ခေတ်တုန်းကလည်း သူ့ ကိုသာမက သူ့မိသားစုကိုတောင် မှ ဒူးတုပ်ခစားကြရတာတို့။ လက်ယာရံ ရာ ထူးလေး မြဲချင်သူက အနှိပ်တော်ဆက်ရတာတို့၊ မောင်ရင့် လက်ကမှ အကြော ပေါက်သကွဲ့ မှတ်ချက်တော် ဖြင့်ပင် လက်ယာရံလည်း တစ်ဆင့်မြင့်ပြီး သက်တော်ရှည်မင်းတိုင်ပင်ကြီး ဖြစ်လာခဲ့တာတို့၊ သူ့ကြင်ရာ တော်က ပီအိပ်တ်ခ်ျဆဲဗင်း ရေသန့်ဘူး ရေဖြင့် ခြေတော်ဆေးတာတို့။ သည်ကြားထဲက စိတ်မရှည်လျှင် သူ့စစ်သူကြီးချုပ်ကိုတောင်အနားမှာရှိသည့် ဆေးလိပ်ခွက်ဖြင့် ကောက်ပေါက်တာတို့ ဆိုတာတွေက နားမ ဆံ့အောင် ကြားဖူးခဲ့ရသေးသည်။

မလိုတမာရှိသူတွေက တမင်ချဲ့ကားပြောကြသည့် စကားတွေ များလား တွေးမိသေးပေမယ့် ကြားရနားဝအ ထပ်ထပ်ဆိုတော့ လည်း ဟုတ်တာ၊ မဟုတ်တာ ခဏထား ဦးနှောက်ဉာဏ် ဘုတ် အုပ်ထဲတော့ မှတ်ထားခဲ့ လိုက်မိ ရသေးသည်။

သို့သော် ဒါတွေက မဟုတ် လေတန်ပါဘူးရယ်လို့ စကားပိတ် တော့ဖြင့် ပြောလို့မရလေဘူးဟု တွေးရသည့် အချက်ကလေးတွေ ကလည်း ဓိဋ္ဌမျက်မြင်ဆိုသလို ရှိ လာပြန်တော့ ကျန်တာတွေလည်း ဟုတ်လိမ့်နိုးနိုး အတွေးဖြစ်ရပြန် ပါသည်။

ကမ္ဘာကပင် အသည်းတုန် အူတုန် ဖြစ်ရလောက်အောင် လူ တွေ သိန်းချီပြီး သောက်သောက် လဲ သေကုန် ကြသည့် နာဂစ်ကြီး ဖြစ်တော့ အဲသည်လောက် တုန်း တင်းသရောသေကြ ကျေကြတာ တွေကို မကြည့်ရဲလို့ ပင်လား မသိ တစ်လကျော်အကြာတွင်မူ တာဝန်မကင်းလို့ ခဏတစ်ဖြုတ်ဆို သလို သွားကြည့်ဖော်ရတော့ မုန် တိုင်းသင့် ပြည်သူတွေကို စိတ်ခွန် အား ရုပ်ခွန်အားရစေဖို့ နှုတ်၏ စောင်မခြင်း၊ လက်၏စောင်မခြင်း ဖြင့် အားပေးရအောင် သွားကြည့် သည်နှင့်မတူ။ ဟိုးရှေးခေတ်အခါ သက်ဦးဆံပိုင်ဘုရင်များ အဖူး မြော်ခံထွက် သလိုနှင့် သာတူ၏။ ဘောင်းဘီဝတ် မင်းတရားကြီးတို့ အဖွဲ့က ရပ်လျက်မတ်တတ်။ လေ ဘေးဒုက္ခသည် ပြည်သူလေးတွေ က မြေပြင်မှာ ဆောင့်ကြောင့် လေးတွေနှင့် လက်အုပ်ကလေး တွေ ချီလိုက်ကြလို့။

သြော် …ဖြစ်မှဖြစ်ရလေ။ တို့ ပြည်သူတွေဘ၀နှယ် လောင်မီး ကျလို့ ပြာပုံဖြစ်ရပါသည်ဆိုမှ ပြာ ပုံကို ပလ္လင် လာခံသူနှင့်မှ တည့် တည့်တိုးလေခြင်း တွေးမိရသည်။ သူများ သူများနိုင်ငံတွေက သဘာဝဘေးအန္တရာယ်
တွေမှာ သူများ နိုင်ငံ အကြီးအကဲတွေက ပျာပျာသလဲ အရောက်သွားပြီး ဖက်လဲတကင်း နွေးနွေးထွေးထွေး အရေးတယူ လုပ်ကြပုံများနှင့် တော့ ဆီနဲ့ရေလို ကွာပါပေ့လို့ပဲ ဒွေးဒေါ်လွမ်းလုပ်မိရသည်။ နို့ တူမှမတူလေ ပေပဲကိုး။

အဲ့သည် လက်အုပ်လေး တချီချီ လုပ်ရသည့် အလုပ်ကို စိတ်တော်သိ ဗောင်းတော်ညိတ် အောက်ခြေ ငဖားတွေက စတင် တီထွင်ကြသည်လား၊ သို့မဟုတ် လည်း မင်းတရားကြီးတို့ကပင် သည်နှယ် ရိုကျိုးဖို့ ညွှန်ကြားကြ လေသလားတော့မသိ ဘောင်းဘီ တွေကို ရှိခိုးရသည့် ခေတ်မှသည် တောင်ရှည်တွေဝတ်ပြီး ခေါင်း ပေါင်းတွေ ပေါင်းကြ ပြီးသည့် ယခုဘ၀ရောက်သည့် တိုင်ပြည်သူတွေမှာ လက်အုပ်လေးတွေ တချီချီလုပ်ကြရတုန်း။

တကယ်တော့ လက်အုပ်ချီ ရသည့် ယဉ်ကျေးမှုဆိုသည်က မြန်မာ့ယဉ်ကျေးမှုလည်း မဟုတ်။ သို့သော် ထိုသို့ လက်အုပ်ချီကြ သည့်အထဲကမှ ဆရာကြီးဦးသုခ တို့ ကြီးသူနှင့်တွေ့တွေ့ ငယ်သူ နှင့်တွေ့တွေ့ လက်အုပ်ချီ သည် ဆိုခြင်းက သူကစပြီး ချီတာဖြစ် တော့ အပူဇော်ခံခြင်း မဟုတ် သည့်ပြင် မိမိကိုယ်မိမိ နှိမ့်ချဆက် ဆံ သည့် ယဉ်ကျေးမှုဖြစ်သဖြင့် မြင်ရသည်က မုဒိတာဖြစ်စရာ ကောင်းသည်။ ချစ်စရာသွင်ပြင် ဖြင့် သိင်္ဂါရ ရ သမြောက်သည်။

ဟိုလူတွေကတော့ ထိုသို့ မဟုတ်။ လက်အုပ်ချီသူတွေ ရှေ့ မှာ မားမားကြီးတွေရပ်ပြီး မိန့်မိန့် ကြီးတွေ အပူဇော်ခံကြပုံ မြင်ရ တော့ မျက်စိထဲမှာ အမြင်ကလော စရာ ဖြစ်သည်။ ရွံရှာသည့် ၀ိဘဇ္ဇ ရသသာ မြောက်လေတော့သည်။

အဲ့သည် လက်အုပ်ချီသည့် ရောဂါက ဆားစ်တို့၊ အီဘိုလာတို့ ထက်ပင် အကူးအစက် မြန်လေ သည်လားမသိ။ တစ်နိုင်ငံလုံးမှာ လက်အုပ်ချီရောဂါ ပြန့်ပွားလိုက် ပုံက လှည်းနေ လှေအောင်း မြင်း ဇောင်း ထိဆိုသလိုဖြစ်သည်။ စာ သင်ကျောင်းမှ ကလေးတွေဆို တာလည်း လာသမျှလူကို ဆီးပြီး ရှိခိုးနေကြရသလို ဖြစ်နေတော့၏။

လောလောလတ်လတ် ဆို သလို မနေ့တစ်နေ့ကမှ တီဗီမှာ ကြည့်လိုက်ရသည့် ဘရူနိုင်းနိုင်ငံ ဘုရင့်ဖလား မြန်မာ၊ ဗီယက်နမ် ဘောလုံးဗိုလ်လုပွဲမှာ မြန်မာဗိုလ် စွဲလို့ ဆုပေးတော့ လက်အုပ်လေး တွေ တချီချီဖြင့် ဘရူးနိုင်းဘုရင်ကို ရှိခိုးနေလိုက်ကြပုံများ တို့မြန်မာ တွေ ရှိခိုးတော်တော်သန်ကြပေ သည်ဟု ဂုဏ်ယူရတော့ မလိုလို။ ဗီယက်နမ် အသင်းသားတွေက တော့ အင်တာနေရှင်နယ် စတိုင် နှင့်ပဲ ဘရူနိုင်းဘုရင်ကို လက်ဆွဲ နှုတ်ဆက်ကြသည်။

တကယ်တမ်းတွေးကြည့် တော့လည်း သြော် …တို့မြန်မာတွေ ဆိုသည်က အပိုးကျိုးပြီး မော် မကြည့်ရဲ လောက်အောင် ကုပ်ချိုးပြီး ဆက်ဆံခံခဲ့ရသည်ကပင် နည်းနည်းနှစ်တွေ ပေလားဟု သံဝေဂ ဖြစ်မိရသည်။

ရှိခိုးခံတာတွင်လား ဆိုတော့ လည်း မဟုတ်ပြန်သေး။ တိုင်း ပြည်အုပ်ချုပ် မင်းလုပ်ကြသူ ကိုယ်တော်ကြီး ကိုယ်တော်လေး တို့ အပေါ်စီးယူခဲ့ကြပုံတွေက လက်ချိုး၍များ ရေကြည့်လျှင် ကိုယ့်ရှိသည့် လက်ချောင်းနှင့် ပင် မလောက်။ သိသာသည့်တစ်ခု ဆွဲထုတ်ပြရလျှင် သူတို့စီးတော် ယာဉ် မော်တော်ကားတန်းများ လာခဲ့ပြီ ဟုဆိုလျှင် ကျန်သည့် ဘာယာဉ်ပဲဖြစ်ဖြစ် လမ်းဘေးချ ပြီး ရပ်ပေးခဲ့ကြရသည်မှာ ပြည် သူအားလုံးကိုယ်
တွေ့။  အဲဒါကို ပင် သူတို့ဘာသာသူတို့ ကင်ပွန်း တပ်ကြပုံက ယဉ်ကျေးမှုတဲ့။ 

အဝေးပြေး လမ်းဘေးတွေမှာ အဲသည် ဆိုင်းဘုတ်ကြီးတွေကို တစ်ပြည်လုံး ထောင်ထားသည်။ ‘‘ယာဉ်တန်း များနှင့်ဆုံလျှင် လမ်းဘေးချပြီး ရပ်ပေးခြင်းဖြင့် ယဉ်ကျေးမှုကိုပြပါ’’တဲ့။ သည်လိုနှင့်ပင် အချက်ပြမီး အနီတွေ အပြာတွေ မှိတ်တုတ် မှိတ်တုတ်ဖြင့် မီးတွေ ထိုးပြီးမောင်းလာသည့် ယာဉ် တန်းနှင့် ပက်ပင်းတိုးပြီ ဆို ကျန်သည့်ယာဉ်တွေက ကြောက်ကြောက်နှင့် လမ်းဘေးချရပ်ပြီး ယဉ်ကျေး ကြောင်း ပြကြရတော့သည်။

သူတို့တွေက စလိုက်သည့် အပေါ်စီးအခွင့်ထူးခံကိစ္စက မဆီ လေးရယ်မှ အိုမဆိုင် ဆိုသလို တချို့ ဆရာတော် ဘုန်းဘုန်းတွေ ဆီထိ ရောက်လာသည်ကိုပင် မှတ်မှတ်ထင်ထင် ကြုံရဖူးသည်။ ဗုဒ္ဓဘာသာ ဘုန်းတော် ကြီးတွေ ဆိုသည်က ဗုဒ္ဓဘာသာထွန်းကား သည့် သည်နိုင်ငံလိုမျိုးမှာ မူလက ပင် အပူဇော်ခံဖြစ်နေပါလျက် ဟို ပုဂ္ဂိုလ်တွေကို အတုလိုက်ယူပြီး ဘုန်းကြီးစီးသည့် ကားခေါင်မိုးမှာ မီးအစိမ်းအနီတွေ မှိတ်တုတ် မှိတ် တုတ်လင်းသည့် အချက်ပြမီးခွက် တပ်သည်တဲ့။ အတုယူများ မြန် လိုက်ကြပုံ။

ခုတော့ အဲ့သည်လို ကုပ်ချိုးပြီး အပေါ်စီးယူသည့် အကျင့်က ယဉ်ကျေးမှုဓလေ့လိုလိုဖြစ်ကာ အတုမြင် အတတ်သင်ဖြင့် ဟို တယ်တွေထိ ရောက်လာခဲ့ပြီထင် ၏။ ဟိုတစ်လောက ဟိုတယ်တစ်ခု မှာ ရောက်လာ သည့် ဧည့်သည်ကို ဒူးထောက်ပြီး ဆက်ဆံရသည့် စတိုင်တစ်ခုကို စံချိန်ဝင် တီထွင် သူက တီထွင်သဖြင့် ဟိုတယ်နှင့် ခရီးသွား ၀န်ကြီးဌာနက ခေါ်ယူ သတိပေးရသည့်အကြောင်းကြား လိုက်ရသည်။ အမှန်တော့လည်း အဲသည်စတိုင်တွေက အဲသည် ပုဂ္ဂိုလ်တွေဆီကပဲ စီးဆင်းလာခဲ့တာ ဖြစ်သည်။

ခုမှသာ ‘‘မိဘပြည်သူများ’’ ဟု အခေါ်လေးပြောင်းလာခဲ့ပေ မယ့် အရင်ဘ၀တုန်းကတော့ သူ တို့သာ အမိ၊ သူတို့သာ အဖ လုပ် ခဲ့ကြသူတွေ မဟုတ်လား။ တချို့ ဆို ခုထိကို အဲ့သည်အကျင့်ဓလေ့ တွေထဲက ရုန်းထွက် ဖို့ အိပ်မက် မမက်ကြသေး။

မနှစ်က ပဲခူးရေကြီးတုန်းက ဖြစ်သည်။ တိုင်းဒေသကြီး ၀န်ကြီး ချုပ်က ရေဘေးဒုက္ခသည်တွေဆီ သွားတာ တဲ့။ ဒူးလောက်ပဲရှိသည့် ရေလေးထဲက လှေပေါ်မှာ သူက တစ်ယောက်တည်း ငုတ်တုတ် ကလေး ထိုင်လိုက် လို့။ လေးငါး ယောက်က လှေကို တွန်းသူတွန်း ထီးမိုးသူမိုးဖြင့် ၀န်ကြီးချုပ် တိုင်း ခန်းလှည့်ပုံက အမြင်မတော် လိုက်လေခြင်းဟု ကရုဏာတွေး တွေးမိသည်။

တကယ်တော့ သည်အဖြစ် သည်ပုံစံတွေက အရိုးစွဲနေခဲ့ပြီမို့ ပြင်နိုင်ခက်ခဲဖြစ်သွားပြီလားပင် မသိတော့။ နေရာယူပုံယူနည်း ဆိုသည်က ခုမှမဟုတ် ဟိုအရင် မဆလ ခေတ်ကတည်းကပင် နေ ရာရောဂါရှိခဲ့ ကြလေ၏။

မှတ်မှတ်ရရ။ ရန်ကုန်ပြည် ကားလမ်းမကြီးပေါ်မှာ မဟုတ် သည့် ကိုယ့်ဇာတိမြို့ကလေးက မြို့နယ်ရုံးစိုက်ရာ မြို့လေးဖြစ် သည်။ ထို့ကြောင့် မြို့နယ်ထဲမှာ ရှိကြသည့် တိုက်နယ်တွေမှ ရုံး လာတက်ကြသော မြို့နယ်ပါတီ ယူနစ် ကော်မတီဝင်တို့ မြို့နယ် ပြည်သူ့ကောင်စီဝင်တို့ ဟိုဌာန သည်ဌာနမှ အရာရှိတို့ဘာတို့ ဆိုတာတွေနှင့် အောက်ခြေရုံးဝန် ထမ်း စာရေးစာချီတွေက ရုံးကား ဟုခေါ်သည့် ရှေးဟောင်း စစ်လေ လံဖို့ဒ် ကုန်တင်ကား ကြီးနှင့် ရုံး လာတက်ကြရ၏။

ထိုသို့ ရုံးတက်ကြရာတွင် ယူနစ်ကော်မတီတို့ ကောင်စီဝင် တို့က သုံးယောက်လောက်သာ အနိုင်နိုင်ဆံ့သည့် ခေါင်းခန်းထဲမှာဦးရာလူစနစ်ဖြင့် နေရာလုပြီး စီးတတ်ကြ၏။ နောက်ကျသည့်လူ က ခေါင်းခန်းထဲမှာ နေရာ မရ တတ်။ သည်လိုဖြစ်ပြီဆိုလျှင် တော့ မဆံ့သူ ယူနစ်ကောင်စီဘာ ညာဆိုသူတွေက နောက်တွဲကြီး ပေါ်မှာ သွားပြီး အေးအေးဆေး ဆေး ထိုင်စီးလေ့ မရှိတတ်။ နောက်ခန်းဆိုသည်မှာ နောက် ခန်းစီး လူတန်းစားသီး သန့်အ တွက်ဟု အခိုင်အမာယူဆကြ လေဟန်ဖြင့် ခေါင်းခန်း၏ ခြေ နင်းခုံမှာပဲဖြစ်ဖြစ် ဘီးဖုံးတွေပေါ် မှာပဲ ဖြစ်ဖြစ် ၀ိုင်းတွယ်ပြီး မတ် တတ်ကလေးပဲ တွယ်ရတွယ်ရ တွယ်ပြီးတော့သာ ခုနစ်မိုင်၊ ဆယ်မိုင်ခရီးကို လိုက် တတ်ကြ လေ၏။ ခေါင်းခန်းကတော့ဖြင့် တစ်ပြားသားမှ မလျှော့နိုင်ဆို သည့် ဇာမဏီစိတ်ဓာတ်မျိုးပေ ပဟု အလေးပြုရတော့ မလိုလို ဘာလိုလို ရှိခဲ့ဖူးသည်။

သည်လိုနှင့်ပင် ဒူးလောက်ပဲ ရှိသည့် ရေပဲဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် လှေပေါ်ကဖြင့် မဆင်းနိုင် တွန်း ကြပေရော့ဆို သည့်စိတ်ဓာတ်မျိုး တွေက အမြစ်ခိုင်လာခဲ့ကြတာပဲ ဖြစ်သည်။

နိဂုံးချုပ်ပြီး ပြောရလျှင် တော့လည်း ဗုဒ္ဓဘာသာမြန်မာလူမျိုး ပေမို့ အနန္တော အနန္တငါးပါးကို လက်အုပ်ချီရ ခြင်းမျိုးမှလွဲ၍ မြင် မြင်လေရာ လက်အုပ်ချီရတာမျိုး ကိုလည်း မုန်းသည်။ လမ်းဘေး ချရပ်ပြီး အရိုအသေပေးရတာမျိုး ကိုလည်း မုန်းသည်။ ဒူးထောက် ပြီး ခစားခိုင်းသည်မျိုးကိုလည်း မုန်းသည်။ တစ်ဖက်သားကို နှိမ့် ချကာ အပေါ်စီးနေရာ တမင်ယူ သည့် မည်သည့် အပြုအမူမျိုးကို မဆိုလည်း မုန်းပါသည်။

သို့သော် ဟိုဘက်ရက်က ရန်ကုန်တိုင်း လှည်းကူးဘက်မှာ ရေကြီးသဖြင့် တိုင်းဒေသကြီး ၀န်ကြီးချုပ်က ပုဆိုးလေးကို စွန် တောင် ဆွဲမပြီး ဒူးလောက်သာ သာ ရေထဲမှာ ရေဘေးသင့်ပြည် သူတွေဆီ သွား အားပေးသည့် သတင်းဓာတ်ပုံလေး မြင်ရတော့ မြင်ကွင်းက အတော်လှသည်ထင် မိ၏။ ဘာပဲဖြစ်ဖြစ် မြင်ရ သူတွေ စိတ်ထဲ ‘‘အဲ့သလိုလေးများ လုပ် ကြစမ်းပါကွဲ့’’ဟု ပြောမိကြမှာ သေချာသည်။

ပြည်သူ့ရှေ့မှာ အဲ့သည်လို လေး တကယ်နေပါလေမှ ‘‘မိဘ ပြည်သူများခင်ဗျား’’ ဟု အော် သည့် အာလုပ် ပြုစကားကလည်း လေးလေးပင်ပင် ရှိလေမည်ထင် ကြောင်းပါဗျ။။

7day

မှတ်ချက်များ