အာဆီယံယူ-၁၉ အမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲတွင် ထိုင်းအသင်း ဗိုလ်စွဲ

၂၀၁၄ အာဆီယံယူ- ၁၉ အမျိုးသမီးချန်ပီယံရှစ်ဘော လုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ထိုင်း အသင်းက ဗီယက်နမ်အ သင်းကို ပင်နယ်တီအဆုံးအဖြတ် ၅-၃ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားသည်။

သြဂုတ် ၂၆ ရက်က ထိုင်း နိုင်ငံရှိ ရာဇမင်္ဂလာကွင်းတွင် ကျင်းပခဲ့သည့် ဗိုလ်လုပွဲစဉ်သည် အကြိတ်အနယ် ဖြစ်ခဲ့ ပြီး ပွဲချိန်အတွင်း ဂိုး မရှိ၊ သရေကျခဲ့သဖြင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရာ အိမ်ရှင်ထိုင်းအသင်းက အနိုင်ရ ရှိခဲ့ခြင်း ဖြစ်သည်။

တတိယဗိုလ်လုပွဲတွင် မြန်မာအသင်းက စင်ကာပူအသင်းကို ၅-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာယူ-၁၉ အမျိုးသမီးအသင်း သည် ယခုပြိုင်ပွဲ၏ အသန့်ရှင်းဆုံးအသင်းဆုကိုလည်း ရရှိခဲ့သည်။

ပြိုင်ပွဲဝင်အသင်း ငါးသင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ယင်း ပြိုင်ပွဲတွင် အုပ်စုပတ်လည်စနစ် ဖြင့် ယှဉ်ပြိုင် ကစားခြင်းဖြစ်ပြီး အုပ်စုပထမနှင့် ဒုတိယအသင်းတို့ သည် ဗိုလ်လုပွဲစဉ်အဖြစ်လည်း ကောင်း၊ အုပ်စု တတိ ယနှင့် စတုတ္ထနေရာရ နှစ်သင်းတို့သည် တတိယ နေရာလုပွဲအဖြစ် လည်းကောင်းယှဉ်ပြိုင်ကစားရခြင်း ဖြစ်သည်။

အုပ်စုပွဲစဉ်များ အပြီးတွင် ထိုင်းအသင်းက ရှုံးပွဲမရှိဘဲ အုပ်စု ပထမဖြင့် ဗိုလ်လုပွဲသို့ တက် ရောက်ခဲ့ပြီး ဗီယက်နမ်နှင့် မြန်မာအသင်းတို့သည် ရမှတ်တူညီ သော်လည်း ဂိုးကွာခြားချက် အ သာရသည့် ဗီယက် နမ်အသင်းက အုပ်စုဒုတိယနေရာဖြင့် ဗိုလ်လုပွဲ သို့ တက်ရောက်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

အုပ်စုပွဲစဉ်တွင် တွေ့ဆုံစဉ် က ထိုင်းအသင်းသည် ဗီယက်နမ်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိထားသော် လည်း ဗိုလ်လုပွဲတွင်မူ အကြိတ်အနယ်ယှဉ်ပြိုင်ကစားရ ကာ ပင်နယ်တီအဆုံးအဖြတ်တွင် မှ အဖြေပေါ်ခဲ့ပြီး ထိုင်းအသင်းက အောင်ပွဲခံခဲ့ခြင်း ဖြစ်သည်။

7day

မှတ်ချက်များ