ကျောက်ရှားပါး မှုကြောင့်မိုးကုတ် ပတ္တမြားနှင့်နီလာ ဈေးနှုန်း၅၀ရာခိုင်နှုန်း ခန့် မြင့်တက်လာ


ကျောက်မျက်ရှားပါး မှုကြောင့်မြန်မာ့ သဘာဝကျောက်မျက် ဖြစ်သည့်မိုးကုတ် ပတ္တမြားနှင့်နီလာ ဈေးနှုန်း များ ထက်ဝက်နီးပါး မြင့်တက်လာနေသည်ဟု ကျောက်မျက်လုပ်ငန်းရှင်များ ပညာရှင်များနှင့် လုပ်ငန်း ရှင်များ က ဆိုသည်။

မိုးကုတ်ဒေသထွက် ပတ္တမြားမှာ ကမ္ဘာ့အဆင့်တွင်ရှိနေပြီး အခြားနိုင်ငံများတွင် မထွက်ရှိခြင်းကြောင့် ပြည် တွင်း ကျောက်မျက်လုပ်ငန်းရှင်များ သာမက နိုင် ငံခြားလုပ်ငန်းရှင်များ၏ ၀ယ်လိုအားမြင့်တက်လာသဖြင့် ယခင်က တစ်ကာရက်လျှင် သိန်း ၃၀ ခန့်သာတန်ကြေးရှိရာ ယခုအခါကျပ် သိန်း ၅၀ ကျော်အထိ မြင့် တက်လာပြီး နီလာများမှာလည်း ကျောက်သစ်မရှိခြင်းကြောင့် ရှိပြီးသားသူများထံမှ ရှာဝယ်နေရသည် ဟု ပြောသည်။

ကျောက်မျက်ပညာရှင် ဦးမျိုးအောင်က “ အရင်တုန်းက အိန္ဒိယနိုင်ငံ ကက်ရှ်မီးယား ဒေသထွက်တဲ့ နီလာ ဆိုရင်အခုလုံးဝ မထွက်တော့ဘူး။ အခုသူတို့ဆီမှာလ ည်း မထွက်တော့ဘဲ လက်ရှိမြန်မာမှာ ထွက်သေး   တော့ ဈေးကွက်က ဒီဘက်ကိုစီးလာတဲ့ သဘောပဲ ” ဟု ဆိုသည်။

အစိုးရကကျောက်မျက်ပြပွဲများ တစ်နှစ်လေးကြိမ်ထက်မနည်း ပိုမိုပြုလုပ်လာခြင်းကြောင့် မြန်မာ့ကျောက် မျက်များကို ကမ္ဘာက ပိုသိလာသဖြင့် ကျောက်မျက်ေ ရာင်းဝယ်မှုသူများ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးပွား လာနေကြောင်းလည်း ကျောက်မျက်လုပ်ငန်းရှင်များက ဆိုသည်။

မန္တလေးကျောက်ဝိုင်းအတွင်းရှိ ကျောက်ပွဲစားတစ်ဦးက “ ကျောက်တွေရှား လာတယ်ဆိုတာတော့ မှန်ပါ တယ်။ ကျောက်ရှားတဲ့အချိန်ဝယ်လိုအားက အရင်လိုမဟုတ်တော့ဘူး။ အခုဈေးကွက် ပိုပွင့်လာတော့ အာ ရှဈေးကွက်ရော အနောက်ဥရောပဈေးကွက်ပါဆိုတော့ ၀ယ်လိုအားများလို့ ဈေးလိုက်တာပါ ” ဟု ပြော သည်။

နိုင်ငံခြားသားအများစုမှာ သွေးပြီးသားကျောက်များကိုသာ ပိုမိုဝယ်ယူကြပြီး ပြည်တွင်း ကျောက်သမားအ များစုမှာ ကျောက်အကြမ်းထည်ကိုသာ ပိုမိုစိတ်ဝင် စားကြသည်ဟု ဆိုသည်။

လက်ရှိဈေးကွက်ပေါက်ဈေးအရ တစ်ကာရတ်ရှိသော သဘာဝမိုးကုတ်ပတ္တမြား နှင့် နီလာဆိုလျှင် ယခင် နှစ် များက ကျပ်သိန်း ၃၀ သာရှိရာမှ ယခုနှစ်တွင် ကျပ် ၅၂ သိန်းဝန်းကျင်အထိရှိလာပြီး ကျောက်သားနှင့် အ ရည်ကောင်းမွန်ပါက ကျပ်သိန်း ၈၀ မှ သိန်း ၁၀၀ ရှိနေသည် ဟုဆိုသည်။

နိုင်နိုင်ဇော် | mizzima

မှတ်ချက်များ