တစ်နိုင်ငံလုံးတွင် ရေ ဘေးကြောင့် စုစုပေါင်းတောင် သူ ဦးရေ ငါးသောင်းခန့် ထိခိုက်ခဲ့ပြီး ရေနစ်မြုပ်ခဲ့ သည့် လယ်မြေဧက စုစုပေါင်း သုံးသိန်းသုံးသောင်း
ကျော် ရှိနေပြီဖြစ်ကြောင်းသတင်း ရရှိသည်။
ရေဘေးကိုအဆိုးရွားဆုံးရင် ဆိုင်ခဲ့ရသည့် ပဲခူးတိုင်း
ဒေသကြီး အပါအ၀င် ဧရာဝတီတိုင်းဒေသ ကြီး၊ ရန် ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် မိုးစပါး စိုက်ဧက ၃၃၀၀၀ကျော်ရေနစ်မြုပ်ခဲ့ပြီး ထိခိုက် လယ်မြေစုစုပေါင်း ဧက၁၃၀၀၀ ကျော်ရှိခဲ့ကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနဒုတိယညွှန်ကြားရေးမှူး ဦးဝင်းလှိုင် ဦးက ပြောသည်။
‘‘ကျွန်တော်တို့ဘက်ကနေအရန်မျိုးစပါး အဆင်သင့်ထားတဲ့အတွက် သက်ဆိုင်ရာဒေသအုပ်ချုပ်သူတွေ ကတစ်ဆင့် အမြန်ဆုံးပေးသွားမယ်။ အခုလည်းရေပြန်ပေါ် နေတဲ့ဒေသတွေကို မျိုးစပါးတွေ ပေးနေပါ တယ်’’ဟု၎င်းကပြောသည်။
လက်ရှိတွင် အရန်မျိုးစပါး တင်းပေါင်းခုနှစ်သောင်းနီးပါးကို ရေဘေးသင့်ဒေသများအတွက်ပြင်ဆင်ထားပြီး ပျက်စီးဆုံးရှုံးမှုစာရင်းကို အတည်ပြုနိုင်ပါက အမြန်ဆုံး ပေးအပ်သွားမည်ဖြစ်ကြောင်းဆိုသည်။ ထို့ အပြင် ရေဘေးသင့် လယ်သမားများအနေဖြင့် မိုးစပါး အချိန်မီပြန်စိုက်နိုင်ရန် သက်ဆိုင်ရာဒေသမှ စိုက်ပျိုးရေး ဌာနတာဝန်ရှိသူများထံ မျိုးစပါး နှင့် နည်းပညာအကူအညီတောင်း ခံနိုင်ကြောင်း ဦးဝင်းလှိုင်ဦး က ပြောကြားသည်။
စိုက်ပျိုးရေးဦးစီးဌာနက ရေ နစ်မြုပ်ဧက သုံးသိန်းသုံးသောင်း ကျော်အနက် လုံးဝပျက်စီးနိုင် သည့် လယ်ဧ ကမှာ သောင်းဂဏန်းခန့်သာရှိနိုင်ကြောင်း ခန့်မှန်း ထားသော်လည်း ပဲခူးတိုင်းဒေသ ကြီးတစ်ခု တည်းတွင် ဆယ်ရက် ကျော်လာသည်အထိ လယ်ဧက ရှစ်သောင်းကျော် ရေမြုပ်နေဆဲ ဖြစ်ပြီး ပျက်စီးရန် သေချာ သ လောက်ဖြစ်နေကြောင်းတောင် သူများကပြောသည်။
လယ်ဧကနှစ်ဆယ်ခန့်ရေ မြုပ်နေဆဲဖြစ်သည့် ပဲခူးမြို့၊ကလီ ကျေးရွာမှတောင်သူဦးအေးလှိုင် က ‘‘လယ်တွေရေမြုပ်တာဆယ် ရက်ကျော်ပြီး ဘယ်လိုမှမကောင်း နိုင်တော့ဘူး။ အချိန်မီပြန်ပျိုးချင် ပေမယ့် ပျိုးဖို့နေရာကိုမရှိသေး တာ။ ရေမြုပ်နေတာဘယ်လိုပျိုးမလဲ’’ဟုဆိုသည်။
လက်ရှိလယ်သမားများအဓိ ကရင်ဆိုင်နေရသည့် အခက်အခဲ မှာ မျိုးစပါး ပြန်ပျိုးရန်အ တွက်နေရာအခက် အခဲပင်ဖြစ်ပြီး ရေဘေးသင့် လယ်ပိုင်ရှင်များ၏ လယ်များမှာ ဆယ်ရက်ကျော်ကြာ လာသည်အထိ ရေမြုပ်
နေဆဲဖြစ်သည်။
‘‘ကျွန်တော့်ဆီမှာ အရန်သင့် ပျိုးထားတာတွေရှိတယ်။ ဒါပေမဲ့ ရေတွေက ပြန်မကျသေးတော့အ ချိန်မီ ပျိုးလို့မရဖြစ်နေတယ်။ ဒီလို မျိုးတစ်ခါမှ မဖြစ်ဖူးတော့ လက် ပိုက်ကြည့်နေရတယ်’’ဟု မွန်ပြည် နယ်၊ သ ထုံမြို့နယ်၊ ကျိုက်ကော့ ရွာမှ လယ်ဧကသုံးဆယ်ခန့်ရေ မြုပ်ခဲ့သည့် တောင်သူဦးလူမင်းက ပြောသည်။
ရေနစ်မြုပ်လယ်ဧကစာရင်း မှာ ပဲခူးတိုင်းဒေသကြီးတွင် ဧက ပေါင်း တစ်သိန်းလေးသောင်း ကျော်၊ မွန်ပြည် နယ်တွင် တစ် သိန်းတစ်သောင်းကျော်၊ ရန်ကုန် တိုင်းဒေသကြီးတွင် တစ်သိန်း ကျော်နှင့် ပမာဏ အနည်းဆုံးအ ဖြစ် ဧရာဝတီတိုင်းဒေသကြီးတွင် ရှစ်သောင်းကျော် ရေမြှုပ်ခဲ့ ကြောင်း တိုင်းဒေသ ကြီးနှင့်ပြည် နယ်အသီးသီးမှ စိုက်ပျိုးရေးဝန် ထမ်းများ၏သြဂုတ်လ ၁၃ ရက်အထိ ကောက်ယူထားသော စာရင်းများအရ သိရသည်။
ရေလွှမ်းခဲ့သော လယ်မြေဧက စာရင်းကို စိုက်ပျိုးရေးဌာန တာဝန်ရှိသူများ ကောက်ယူရာ တွင် ပထမအဆင့် အနေဖြင့် ရေ ၀င်ရောက်သည့် လယ်ဧကစာရင်း၊ ရေ၀င်ရောက်သည့် ကာလအနည်းငယ်ကြာလာပါက ရေ လွှမ်း ဧကစာရင်းနှင့်ဆယ်ရက်ခန့်ဆက်တိုက်ရေမြုပ်ပါက ထိခိုက်စာရင်းနှင့် ပျက်စီးစာရင်းဟူ၍ အဆင့်ဆင့် သတ်မှတ်သည်။
မြန်မာနိုင်ငံတွင် နှစ်စဉ်မိုးစပါးဧကပေါင်း ၁၅ သန်းခန့်နှင့်နွေ စပါးဧကပေါင်းသုံးသန်းကျော် စိုက်ပျိုးကြောင်း လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန (နေပြည်တော်)မှသတင်းရရှိသည်။
အောင်သစ်လွင် | 7day

မှတ်ချက်များ