အီဘိုလာ ဗိုင်းရပ်စ်ကြောင့် ကျန်းမာရေး လုပ်သား ၆၀ သေဆုံး
အနောက်အာဖရိက နိုင်ငံတွေမှာ ပျံ့နှံ့နေတဲ့ အီဘိုလာ ဗိုင်းရပ်စ်ပိုးဟာ ထိန်းချုပ်လို့ မရတော့တဲ့ အဆင့်မှာ ရောက်ရှိနေပြီး သေခြာသင်တန်းတွေ မရကြတဲ့ ကျန်းမာရေးလုပ်သားတွေ ကူးစက်ခံနေရပြီလို့ ကမ္ဘာ့ကျန်း မာရေးအဖွဲ့ WHO က ပြောပါတယ်။
အခုလောလောဆယ် အီဘိုလာ ဗိုင်းရပ်စ်ပိုးကြောင့် ကျန်းမာရေးအမှုထမ်း ၆၀ သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။
Sierra Leone, Guinea နဲ့ Liberia နိုင်ငံမှာ ပျံ့နှံ့နေတဲ့ အီဘိုလာပိုးကို ကုသမှုပေးခဲ့တဲ့ အမေရိကန် နိုင်ငံ သား ဆရာဝန် နှစ်ဦးကို အမေရိကန် နိုင်ငံဆီ ပြန်လည်ခေါ် ယူတဲ့အတွက် အမေရိကန် နိုင်ငံသားတွေက စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။
အမေရိကန် အစိုးရကတော့ အဲဒီကိစ္စအပေါ် မစိုးရိမ်ကြဖို့ ရုပ်မြင် သံကြား ကနေ တဆင့် နှစ်သိမ့်စကား ပြောကြားထားပါတယ်။
အနောက်အာဖရိကနိုင်ငံတွေမှာ ဖေဖော်ဝါရီလနောက်ပိုင်း အီဘိုလာ ဗိုင်းရပ်စ်ပိုးကြောင့် လူအယောက် ၇၀၀ ကျော် သေဆုံးရပြီ ဖြစ်ပါတယ်။
ABC Radio Australia

မှတ်ချက်များ