ဆော်ဒီအစိုးရက သူ့နိုင်ငံသား တွေကို နိုင်ငံခြားသားများ နဲ့ လက်ထပ်ခွင့် ပိတ်ပင်

ဆော်ဒီအာရေးဘီးယား ဘုရင် Abdullah bin Abd al-Aziz Al Saud (Credit: Reuters)
ဆော်ဒီ အာရေး ဘီးယား ​အစိုးရ က ​ဆော်ဒီ အာရေး ဘီးယား နိုင်ငံသား တွေကို ​မြန်မာ နိုင်ငံက ​အမျိုးသ မီး တွေနဲ့ ​လက်ထပ်ခွင့် ​ပိတ်ပင် လိုက်ပါတယ်။

မြန်မာ အမျိုးသမီး အပါအဝင်၊ ​ဘင်္ဂလားဒေ့ရှ်၊ ​ပါကစ္စတန်နဲ့ ​ချတ်တ် ​နိုင်ငံက ​အမျိုးသမီး တွေနဲ့ ​လက်ထပ် ထိမ်းမြားခွင့် ​ပိတ်ပင်လိုက်တာ ​ဖြစ်ပါတယ်။

အဲဒီ ​လေး နိုင်ငံက ​နိုင်ငံသား ​တွေဟာ ​ဆော်ဒီ ​အာရေး ​ဘီးယား ​နိုင်ငံမှာ ​လူဦးရေ ​၅၀၀၀၀ ​(ငါးသိန်း) ​ကျော် ရှိ ​သွားတဲ့ ​အတွက် ​လူဦးရေ ​ထပ်မပြန့် ​ပွားအောင် ​တားဆီးတာ ​ဖြစ်နိုင်တယ်လို့ ​ယူဆ ​နေကြပါတယ်။

ဒါ့အပြင် ​လက်ထပ် ​ထိမ်းမြားခြင်း ​ဥပဒေကို ​လည်းတင်းကြပ်လိုက်ပါတယ်။

နိုင်ငံခြားသူနဲ့ ​လက်ထပ် ​ထိမ်းမြား ​လိုတဲ့ ​အမျိုးသားဟာ ​အနည်းဆုံး ​အသက် ​၂၅ ​နှစ်ရှိရမှာဖြစ်ပြီး ​အကယ် လို့ ​လင်မယားကွဲသူတွေ ​ဖြစ်မယ် ​ဆိုရင် ​အနည်းဆုံး ​၆ ​လ ​စောင့်ပြီးမှ ​လက်ထပ် ​ထိမ်းမြား ​ခွင့် ​လျှောက် လွှာ ​တင်ရမယ်လို့ ​ပြောပါတယ်။

ဇနီးမယား ​ရှိနေတဲ့ကြားက ​နောက်တစ်ယောက်နဲ့ ​လက်ထပ်မယ်ဆိုရင် ​လက်ရှိ ​မယားမှာ ​ကင်ဆာရော ဂါရှိကြောင်း၊ ​မသန်စွမ်းကြောင်း၊ ​ကလေး ​မမွေးနိုင်ကြောင်း ​သက်သေတွေ ​ပြရမယ်လို့ ​ဆိုပါတယ်။

ဆော်ဒီအာရေးဘီးယားနိုင်ငံရဲ့ ​အစ္စလာမ်မစ် ​ဥပဒေအရ ​အမျိုးသားတွေကို ​မိန်းမလေးယောက်အထိ ​လက်ထပ်ခွင့် ​ပြုထားပါတယ်။

ဆော်ဒီအာရေးဘီးယားနိုင်ငံမှာ ​လူဦးရေ ​၂၇ ​သန်းလောက်ရှိပြီး ​အဲဒီထဲက ​၃၀%ဟာ ​နိုင်ငံခြားသားတွေ ​ဖြစ်ကြပါတယ်။

ABC Radio Australia

မှတ်ချက်များ