၂၀၁၄ တက္ကသိုလ်ဝင်စာမေးပွဲ တစ်နိုင်ငံလုံး(၀ိဇ္ဇာ/သိပ္ပံ) ဘာသာရပ်အမှတ်အများဆုံးထူးချွန် ကျောင်းသူကျောင်းသား ၂၂ ဦး ပေါ်ထွက်
၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် သိပ်္ပံဘာသာတွဲ အမှတ်အများဆုံးကျောင်းသားလူ ငယ် ၁၀ ဦးနှင့် ၀ိဇ္ဇာဘာသာတွဲ အမှတ်အများဆုံး ထူးချွန်သူ ကျောင်းသားလူငယ် ၁၂ ဦးတို့ ပေါ်ထွက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ကမာ ရွတ်မြို့နယ် လေ့ကျင့်ရေးအထက် တန်းကျောင်းမှ မြန်မာတစ်နိုင်ငံလုံး တွင် သိပ္ပံဘာသာတွဲအမှတ်ပေါင်း ၅၅၈ မှတ်ဖြင့် မသီရိထက်နိုင်က အဆင့်(၁)၊
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်၊ အ.ထ.က(၁)မှ သိပ်္ပံဘာသာတွဲအမှတ်ပေါင်း ၅၅၇ မှတ်ဖြင့် မမေမြတ်နိုး က အဆင့် (၂)၊
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ အ.ထ.က(၂)မှ သိပ်္ပံဘာသာတွဲအမှတ်ပေါင်း ၅၅၄ မှတ်ဖြင့် မကေ ခိုင်က အဆင့်(၃)၊
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေး သာဇံမြို့နယ်၊ ကပတ (CAE) မှ သိပ္ပံဘာသာတွဲအမှတ်ပေါင်း ၅၅၃ မှတ်ဖြင့် မဥမ္မာလေးက အဆင့် (၄)၊
မန္တလေးတိုင်းဒေသကြီး၊ ချမ်း အေးသာဇံမြို့နယ်၊ ကပတ (CAE) မှ သိပ္ပံဘာသာတွဲအမှတ်ပေါင်း ၅၅၂ မှတ်ဖြင့် အဆင့်(၅)၊
ရန်ကုန် တိုင်းဒေသကြီး၊ လမ်းမတော်မြို့ နယ်၊ အ.ထ.က(၂)မှ သိပ်္ပံဘာ သာတွဲ အမှတ်ပေါင်း ၅၅၂ မှတ် ဖြင့် မောင်စိုင်းကြည်ဌေးဦးက အဆင့်(၅)၊
ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်၊ အ.ထ.က(၂)မှ သိပ်္ပံဘာသာတွဲအမှတ်ပေါင်း ၅၅၂ မှတ်ဖြင့် မအေးမြချမ်းသာက အဆင့်(၅)၊
ရန်ကုန်တိုင်းဒေသ ကြီး၊ ကျောက်တံတားမြို့နယ်၊ ကျောက်တံတား အ.ထ.ကမှ သိပ္ပံဘာသာတွဲအ မှတ်ပေါင်း ၅၅၂ မှတ်ဖြင့် မဖြူမင်းသူက အဆင့်(၅)၊
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် အထက(၆) ဗိုလ် တထောင်မှ သိပ်္ပံဘာသာတွဲ အမှတ်ပေါင်း ၅၅၂ မှတ်ဖြင့် မောင်ဝေလွင်ဦးက အဆင့်(၅)၊
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် အထက(၁)ဒဂုံမှ သိပ္ပံဘာသာတွဲ အမှတ်ပေါင်း ၅၅၂ မှတ်ဖြင့် မောင် မင်းသန့်ဇင်က အဆင့်(၅) ရရှိခဲ့ ကြောင်း သိရသည်။
ထို့အတူ ၀ိဇ္ဇာဘာသာတွဲတွင်
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန် မြို့နယ်၊အ.ထ.က(ခွဲ)ရွှေကျောင်း မှ အမှတ်ပေါင်း ၅၀၀ ဖြင့် မတင့် တင့်လှိုင် က အဆင့်(၁)၊
ဧရာဝတီ တိုင်းဒေသကြီး ညောင်တုန်းမြို့ နယ်၊ အ.ထ.က(ခွဲ)ကြက်တူရွေး တောင်မှ အမှတ်ပေါင်း ၄၉၁ မှတ် ဖြင့် မချောအိအိသိန်းက အဆင့် (၂)၊
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ အ.ထ.က (ခွဲ)ဇရပ်လှကြီးမှ အမှတ်ပေါင်း ၄၈၀ မှတ်ဖြင့် မနမ့်အိအိဖြူက အဆင့်(၃)၊
ဧရာဝတီတိုင်းဒေသ ကြီး၊ ရေကြည်မြို့နယ် အ.ထ.က ငါးသိုင်းချောင်းမှ အမှတ်ပေါင်း ၄၈၀ ဖြင့် မအိမ့်သူ ဇာဇော် အဆင့် (၃)၊
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် အ.ထ.က (ခွဲ)သပြေချောင်းမှ အမှတ်ပေါင်း ၄၇၈ မှတ်ဖြင့် မစုမြတ်သူက အဆင့်(၄)၊
ဧရာဝတီတိုင်းဒေသ ကြီး၊ ကြံခင်းမြို့နယ်၊ အ.ထ.က (ခွဲ)ရေနံတောင်မှ အမှတ်ပေါင်း ၄၇၇ မှတ်ဖြင့် မမွန် မွန်အေး အဆင့်(၅)၊
ဧရာဝတီတိုင်းဒေသ ကြီး၊ ကျုံပျော်မြို့နယ်၊ အ.ထ.က ကျုံပျော်မှအမှတ်ပေါင်း ၄၇၇ မှတ်ဖြင့် မမေသက်ဖူးက အဆင့် (၅)၊
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ် အ.ထ.က အိမ်မဲ မှ အမှတ်ပေါင်း ၄၇၅ မှတ်ဖြင့် မအိအိဖြိုးက အဆင့် (၆)၊
ဧရာ ၀တီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ အ.ထ.က အိမ်မဲမှအမှတ်ပေါင်း ၄၇၅ ဖြင့် မစုဟေမာန်လွင်က အဆင့်(၆)၊
ဧရာဝတီတိုင်းဒေသ ကြီး၊ အိမ်မဲမြို့နယ်၊ အ.ထ.က (ကြို့ကုန်း)မှ အမှတ်ပေါင်း ၄၇၃ မှတ်ဖြင့် မခင် သန်္တာအေးက အဆင့် (၇)၊
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အ.ထ.က လုံးတုံ (နမ့်မွန်း)မှ အမှတ်ပေါင်း ၄၇၃ မှတ်ဖြင့် မသင်းသင်းခိုင်က အဆင့် (၇)ရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဇောင်းချမ်း | HotNewsWeekly

မှတ်ချက်များ